Friday 24 August 2012

သားကောင်းမြေး တို့ အတွက် ကြိုးစားစို့ 

• ငါ သာလျှင် တော် ၊ သူ မတော် ဟု
လူတော် ထင်ပါ ၊ တို့မြန်မာ ကို
ဘယ်ခါ ဆယ်၍ ရ မလဲ ၊၊
• ကြွားရင်း နှင့် နစ် ၊ ဝါး ရင်း နစ်သည့်
နစ်လျက် နေပါ ၊ တို့မြန်မာ ကို
ဘယ်ခါ ဆယ်၍ ရ မလဲ ၊၊
• အကောင်း ဆိုးထင် ၊ ဆိုး ကောင်းထင် နှင့်
အထင်လွဲပါ ၊ တို့မြန်မာ ကို
ဘယ်ခါ ဆယ်၍ ရ မလဲ ၊၊
• သူ့ကို ငါ ညှိုး ၊ ငါ့ သူ ညှိုး နှင့်
အညှိုးကြီး ပါ ၊ တို့မြန်မာ ကို
ဘယ်ခါ ဆယ်၍ ရ မလဲ ၊၊
• ညည်း၍ မပြီး ၊ ညူ မပြီးဘူး
အပြီးတကာ ၊ လုပ်နိုင်ပါ မှ
တော်ရာ ရောက်လိမ့် နောင်အဖို့ ၊၊
နိုးကြ ထကြ မြန်မာတို့ ၊၊
သားမြေးတို့တွက် ကြိုးစားစို့ ၊၊ ၊၊
( မင်းသုဝဏ် )

No comments:

Post a Comment