Saturday 25 August 2012






>> ရှုံးနိမ့်တာ ရှက်စရာမဟုတ်ဘူး အရှုံးကနေ ပြန်မထ နိုင်တာက သာ ရှက်စရာဖြစ်တယ်

>> မျက်ရည်ကျတာ ရှက်စရာမဟုတ်ဘူး -- ကျတဲ့မျက်ရည်ဟာ ဘာမှ အသုံးမ၀င်တာက ရှက်စရာဖြစ်တယ်

>> မိဘကို “ ကိုယ် ” ချမ်းသာအောင် မထားနိုင်တာ ရှက်စရာမဟုတ်ဘူး --- မိဘကို “ စိတ် ” ချမ်းသာအောင်မထားနိုင်တာက ရှက်စရာဖြစ်တယ်


>> အမှားလုပ်မိတာ ရှက်စရာမဟုတ်ဘူး -- အမှန်ကို ပြန်မပြင်နိုင်တာကသာ ရှက်စရာဖြစ်တယ်

>> ဆင်းရဲတာရှက်စရာမဟုတ်ဘူး -- စိတ်ဓါတ်နိမ့်ကျ အောက်တန်းကျ တာကသာ ရှက်စရာဖြစ်တယ်

>> ကိုယ်နေတဲ့အိမ်ထရံတွေ မလုံခြုံတာ ရှက်စရာမဟုတ်ဘူး -- ကိုယ့်စိတ်တွေ မလုံခြုံတာကသာ ရှက်စရာဖြစ်တယ်

>> မအောင်မြင်တာ ရှက်စရာမဟုတ်ဘူး -- ရှုံးနိမ့်မှုကနေ ရုန်းမထွက်နိုင်တာကသာ ရှက်စရာဖြစ်တယ်

>> မုဒိတာ မပွားနိုင်တာရှက်စရာမဟုတ်ဘူး -- မနာလိုဝန်တိုစိတ်နဲ့ ကိုယ့်စိတ်ကိုယ်ကို ပူလောင်စေတာကသာ ရှက်စရာဖြစ်တယ်

>> ငွေအများကြီးမလှူနိုင်တာ ရှက်စရာမဟုတ်ဘူး -- အလှူအတန်းလုပ်ချင်တဲ့စိတ်မရှိခြင်းကသာ ရှက်စရာဖြစ်တယ်

>> သူပြန်ချစ်တာကို မခံရတာ ရှက်စရာမဟုတ်ဘူး -- ကိုယ်ချစ်တဲ့သူအပေါ် “ အကျိုးလိုလား တဲ့စိတ် ” မထားနိုင်တာကသာ ရှက်စရာဖြစ်တယ်

No comments:

Post a Comment