Sunday 18 November 2012

သင့်အောင်မြင်မှုရဲ့ အတားအဆီးများ











မင်းရဲ့ ရည်မှန်းချက်တွေ နဲ့ မင်းရဲ့အောင်မြင်ရေးကို အခက်တွေ့အောင် လုပ်နေတဲ့ အတားအဆီးတွေ အများကြီးရှိပါတယ်။မင်းလိုချင်တ
ဲ့အရာ တစ်
ခု ပြီးမြောက်ဖို့အတွက်ဆိုရင် အဲဒီအတားအဆီးတွေကို ကျော်လွှားနိုင်ဖို့ အရေးကြီးပါတယ်။

အတားအဆီး (၁)အဆိုးမြင်သမားများ

တချို့လူတွေက မင်းဟာ မင်းရည်မှန်း ချက်ဖြစ်မြောက် လုပ်နိုင်လိမ့်မယ်လို့ ယုံကြည်ကြမှာမဟုတ်ဘူး။ မင်းရဲ့ ရည်မှန်းချက်တွေ ဟာ ဖြစ်မြောက်နိုင် စရာအကြောင်းမရှိဘူးလို့ တချို့က လည်း ထင်ကြလိမ့် မယ်။ သူတို့ရဲ့ အဆိုးမြင်အတွေးတွေဟာ မင်းရဲ့ မင်းကိုယ်မင်းယုံကြည်မှု (self-confidence) ကို ဖျက်ဆီးနိုင်ပါတယ်။ ဒါကြောင့် မင်းနဲ့ မင်းရဲ့ရည်မှန်း ချက်တွေနဲ့ ပတ်သက်လို့ မကောင်းတဲ့ အတွေးအမြင် ရှိတဲ့သူမှန်သမျှ ကို ဝေးဝေးကရှောင်ဖို့ အရေးကြီးပါတယ်။

အတားအဆီး (၂) အားမပေးတဲ့ လူများ

မင်းလောက် မအောင်မြင်တဲ့သူတွေက မင်းကို ဝေဖန်ကြလိမ့်မယ်။ မနာ လိုဖြစ်ကြလိမ့်မယ်။ အဲဒါတွေလည်း မင်းရဲ့ စိတ်ကိုအနှောင့်အယှက်ဖြစ်စေ ပါတယ်။ မင်းထက် အောင်မြင်တဲ့သူတွေကည်း မင်းကို ဆရာလုပ်လိ့မ်မယ်။ အထက်စီးကနေဆက်ဆံလိမ့်မယ်။ အဲဒါတွေကည်း မင်းစိတ်ကို အနှောင့်အ ယှက်ဖြစ်စေမှာပါပဲ။အဲဒါတွေဟာ မင်းရဲ့ ရည်မှန်း ချက်အောင်မြင်ရေးမှာ အနှောင့်အယှက်တွေပဲပေါ့။ ဘယ်သူတွေက ဘာပဲပြောပြော မင်းမှာကိုယ်ပိုင် စံသတ်မှတ်ချက်တွေ ရှိတယ်။ အဲဒါတွေကို အားပေးတဲ့သူတွေနဲ့သာ ပေါင်း သင်းပါ။
 

ငါအိုသွားသော်








*ငါအိုသွားသောအခါ ငါဟာ အရင်က ငါမဟုတ်တော့ဘူး ၊
ငါ့ကိုနားလည်ပေးပါ။
စိတ်ရှည်ရှည် ထားပြီး ဆက်ဆံပေးပါ။
*ချည့်နဲ့ နဲ့  လက်တွေနဲ့  ထမင်းဟင်းတွေအကျီ င်္ပေါ်ဖိတ်စင်သွားတဲ့ အခါကျီ င်္လုံချည်ဖိုသီဖက်သီဖြစ်နေတဲ့ အခါ ငါ့ကိုမရွံပါနဲ့ ၊
ငယ်ငယ်တုန်းက ငါသုတ်သင်ပေးခဲ့တာတွေကိုကျေးဇူးပြုပြီး သတိရပေးပါ။
*အပ်ကြောင်းထပ်မက
ပြောဖူးတဲ့စကားတွေပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲကျေးဇူးပြုပြီး နားထောင်ပေးပါ။
ငယ်ငယ်တုန်းက အိပ်ယာဝင်တိုင်းတစ်ထောင့်တစ်ညပုံပြင်တွေ ၊
ငါးရာ့ငါးဆယ်နိပါတ်တော်တွေ ၊ ဇာတ်ကြီးဆယ်ဘွဲ့ တွေကို မရိုးအောင်ပြောရင်း
ငါချော့သိပ်ခဲ့တာတွေကိုသတိရပေးပါ။
*မလှုပ်ရှားနိုင်လို့ ရေချိုးဖို့ အကူညီလိုတဲ့အခါ ငါ့ကိုမငြိုငြင်ပါနဲ့ 
ငယ်ငယ်တုန်းက ချော့တစ်လှည့်ခြောက်တစ်လှည့် ရေချိုးပေးဘူးတဲ့
ပုံရိပ်လေးကို မြင်ယောင်ပေးပါ။
*ခေတ်သစ်နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် မလှောင်ပါနဲ့ ။
ငယ်ငယ်တုန်းက " ဘာကြောင့်လဲဆိုတဲ့ " မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါပြန်ဖြေရှင်းပြခဲ့တာကို
သတိရပေးပါ။
*စိတ်သွားတိုင်း ကိုယ်မပါနွမ်းလျပြီး လမ်းမလျှောက်နိုင်တဲ့အခါ
ခွန်အားပါတဲ့လက်တစ်စုံနဲ့ ငါ့ကိုကူတွဲပေးကြပါ။
လမ်းလျှောက်သင်ခါစအရွယ်တုန်းက တစ်လှမ်းချင်းလမ်းလျှောက်လေ့ကျင့်သင်ပေးခဲ့တာကို
သတိရပေးပါ။
*တစ်နေ့ ထက်တစ်နေ့ အိုစာသွားတဲ့ ငါ့ကိုကြည့်ပြီးဝမ်းမနည်းပါနဲ့ ၊
နားလည်ပေးပါ ၊ အားပေးပါ။အရင်တုန်းက လူ့ ဘ၀တက်လမ်းအတွက်
ငါလမ်းညွှန်ခဲ့သလို အခုချိန်မှာ ငါ့ဘ၀နောက်ဆုံးအချိန်အတွက်အဖော်ပြုပေးပါ။
ချစ်ခြင်းမေတ္တာနဲ့ အေးမမှုတွေကို ငါပြုံးပြုံးလေးလက်ခံမှာပါ။အဲဒီအပြုံးတွေထဲမှာ မဆုံးနိုင်တဲ့ ငါ့မေတ္တာတွေကို တွေ့ ရမှာပါ။
သားတို့ ၊ သမီး တို့ ရေ...ထာဝရပျော်ရွှင်ချမ်းမြေ့ ကြပါစေကွယ်...။
ငါအိုသွားသော် (အမည်မသိ)

Saturday 17 November 2012

ကွက်လပ်ဖြည့် မေတ္တာ(ဆရာတော် အရှင်တေဇာနန္ဒ )


 


 ကွက်လပ်ဖြည့် မေတ္တာ(ဆရာတော် အရှင်တေဇာနန္ဒ )
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
သူငယ်ချင်းများ မိတ်ဆွေများအားလုံးအတွက် ကူးယူဖော်ပြပါသည်......။

(၁) ကိုယ့်အစာအိမ်က မလိုအပ်ပဲ ၀ယ်စားလိုက် နေကြာစေ့ တစ်ထုပ်ရဲ့ တန်ဘိုးဟာ ဆာလောင်နေတဲ့ ကလေးတစ်ယောက် အတွက်ဆိုရင် အသက်ကယ်တဲ့ နေ့လည်စာ တစ်နပ်လည်း ဖြစ်နိုင်ကောင်းပါရဲ့....


(၂) ကိုယ့်ဖိနပ်စင်မှာ နေရာမလပ်ရှိနေပါလျှက် ထပ်မံ ဖြည့်တင်းလိုက်တဲ့
ဒေါက်ဖိနပ်တစ်ရံရဲ့ တန်ဘိုးဟာ ဆူးစူးနေတဲ့ ခြေထောက်လေးပေါင်းများစွာ အတွက်တော့ အကာအကွယ် တခု ပေးနိုင်ကောင်းပါရဲ့...

(၃) ပြည့်နှက်နေတဲ့ ကိုယ့်အ၀တ်ဗီဒိုထဲကို ပိုပြီး ကျပ်သိပ်သွားအောင်
ဖြည့်ဆည်းလိုက်တဲ့ နိုင်ငံခြားဖြစ် အ၀တ်တစ်ထည်ရဲ့ တန်ဘိုးဟာ
ခိုက်ခိုက်တုန်အောင် ချမ်းနေတဲ့ ကလေးတစ်ယောက် အတွက်တော့
နွေးထွေးမှုလေးတစ်ခု ပေးစွမ်းနိုင်ကောင်းပါရဲ့...

(၄) ကိုယ့်မိသားစု အတွက် ဘယ်လိုမှ ကောင်းကျိုး မပေးနိုင်ပဲ ဖြုန်းတီးပစ်လိုက်တဲ့ ဘီယာဗူးပေါင်းများစွာရဲ့ တန်ဖိုးဟာ မွတ်သိပ်နေတဲ့ ဘ၀ပေါင်းများစွာ အတွက်တော့ သန့်စင်တဲ့ ရေတစ်ကန် အဖြစ် ကျေးဇူးပြုနိုင်ကောင်းပါရဲ့...

(၅) ကိုယ့်အတွက် လူမြင်ကွင်းမှာ ကြွားဝါဖို့လောက်သာ အသုံးကျတဲ့ iPhone တစ်လုံးရဲ့ တန်ဖိုးဟာ အနာဂါတ်မဲ့ ကလေးတစ်ယောက် အတွက်တော့ ဘ၀အာမခံချက်ကို ပေးနိုင်တဲ့ ပညာရေး တစ်ခု အဖြစ်ဖြည့်ဆည်း
ပေးနိုင်ကောင်းပါရဲ့....

ကိုယ့်အတွက် မလိုအပ်တာလေးတွေကို လောကလိုအပ်ချက်လေးတွေ အဖြစ်
ပြောင်းလဲနိုင်ပါစေ...