Sunday 2 September 2012

ဗုဒ္ဒသာသနာ့ အလံ



ဗုဒ္ဓသာသနာ့ အလံအကြောင်း
ယခု ဗုဒ္ဓဘာသာ သာသနာ့အလံသည် မြတ်စွာဘုရား၏ ရောင်ခြည်တော် (၆)သွယ်ကို ဖော်ကျူးထားခြင်း ဖြစ်သည်။ အငြိမ်းစား အမေရိကန်လူမျိုး ဗိုလ်မှူးကြီး ဟင်နရီစတီးလ်အော်လကော့ (ဗုဒ္ဓဘာသာအဖြစ် ကူးပြောင်းလာသူ)၏ စေတနာနှင့် ပညာကြောင့် ဗုဒ္ဓ၏ရောင်ခြည်တော် (၆)သွယ်ကို စိတ်ကူးတီထွင်ကာ ဗုဒ္ဓသာသနာ့အလံဟူ၍ (၁၈၈၅) ခုနှစ်ကတည်းက သီဟိုကျွန်း

-သီရိလင်္ကကာမှာ လွှင့်ထူနိုင်ခဲ့သည်။



၁၉၅၀ပြည့်နှစ် သီရိလင်္ကာမှာ ကျင်းပသည့် ကမ္ဘာ့ဗုဒ္ဓဘာသာ ညီလာခံကြီးတွင် ထိုအလံတော်ကို တစ်ကမ္ဘာလုံးက ဗုဒ္ဓဘာသာအလံအဖြစ် အတည်ပြုခဲ့ကြသည်။ မြန်မာနိုင်ငံတွင်မူ ၁၉၅၆ (၁၃၁၈)ခု ဆဋ္ဌသင်္ဂါယနာတင်ပွဲတော် (မဟာပါသာဏလိုဏ်ဂူ၊ ကမ္ဘာအေးဘုရား) မှာ ဗုဒ္ဓသာသနာ့အလံကို စတင်လွှင့်ထူခဲ့ပေသည်။
(သင်္ချာဆရာ S.S ခင်မောင်အေး၏ “ရောင်စုံရုပ်ပြပဋ္ဌာန်း” မှကူးယူတင်ပြသည်။

No comments:

Post a Comment