Saturday 1 September 2012

ဈေးကွက်စီးပွားရေးစနစ်(Market Target)



ဈေးကွက်စီးပွားရေးစံနစ်.. လို့တော့ပြောနေပေမယ့် ခရိုနီ..၊ ကုမ္ပဏီ ကြီးတွေကိုပဲ
လက်ဝါးကြီးအုပ် လုပ်ကိုင်ခွင့်ပေးနေသ၍တော့ ပြည်သူတွေ..၊ ၀ယ်ယူသူတွေ အတွက်
စိတ်ကြိုက်ရွေးချယ်ခွင့် စီးပွားရေးဈေးကွက် ဖြစ်ပေါ်လာဖို့တော့ အလှမ်းဝေးနေဦးမှာပါ..။
ကျနော်တို့ နိုင်ငံမှာ ၀ယ်သူ့ ဈေးကွက် ဆိုတာမရှိခဲ့ပါဘူး..။ ရောင်းသူ့ဈေးကွက်ကသာ
ပီပြင်ပြီးချယ်လှယ်နေခ့တဲာပါ..။ တစ်နိုင်တစ်ပိုင် အောက်ခြေက ဈေးရောင်းဈေးဝယ်
စီးပွားရေး
ကို ဆိုလိုတာမဟုတ်ပါ..။ နိုင်ငံခြားမှ တင်သွင်းဖြန်ချိ
တဲ့စီးပွားရေးလုပ်ငန်းကြီးများကိုဆိုလိုတာပါ..။ ဥပမာ.. တစ်ခုအနေနဲ့.. ပြည်သူတွေ အတွက်
မရှိမဖြစ်အသုံးပြု နေရတဲ့ ဆေးဝါး ဈေးကွက်ဆိုပါတော့..။ နာမယ်ကြီး ကုမ္ပဏီ တစ်ခု
နှစ်ခုလောက်ကသာ ချယ်လှယ်ပြီးလုပ်ကိုင်နေတာတွေ့ရပါတယ်..။ သူတို့ကိုပြိုင်ဆိုင်မယ့်
ကုမ္ပဏီလေး တွေပေါ်လာခ့ဖဲူးပေမယ့် တရားမျှတတဲ့ ယှဉ်ပြိုင်မှု မရှိခဲ့တော.့ . နောက်ဆုံး
ကိုယ်သွင်းလာတဲ့ ပစ္စည်းတေကွို သူတို့တွေဆီမှာသာ ထိုးအပ်လိုက်ရတာတွေအများကြီးပါ..။
ကုမ္ပဏီကြီးဟာ သူတို့ရဲ့ အမှတ်တံဆိပ် လူသိများဖို့ အမျိုးသောနည်းနဲ့ marketing
လုပ်ကြပါတယ်..။ အ့ဒဲီကုန်ကျစရိတ်တွေကို စားသုံးသူ ပြည်သူတွေဆီကို
ပိုသာတဲ့ဈေးနှုန်းတွေ နဲ့ ပြန်လည်ရောင်းချပြီး ရှာပါတယ်..။ ဘယ်သူတွေနစ်နာပါသလဲ...။
နောက်ဆုံးတော့..မိအေးအခါခါ နာရတာတော့
သနားစဖယ်ွဆင်းရတဲ့ေဲ ရာဂါသည်ပြည်သူတွေပေါ့..။ အမျိုးစားအတူတ.ူ .ပါဝင်တဲ့
အရေအတွက်အတူတူ.. ဆေးကို နယ်စပ်ဖြစ်တဲ့
တစ်ဖက်ကမ်းမှာတင်သွင်းလာမယ်ဆိုရင်လည်း.. ဒါကိုတရားမ၀င် သောက်သုံးရန်မသင့်
တဲ့ဆေးဝါးဆိုပြီး ကန့်သတ်ထိန်းချုပ်ထားတယ်လေ..။ တကယ်တော့ အဲ့ဒီဆေးဟာ
ကိုယ့်ထက်ချမ်းသာနေတဲ့.. ကိုယ့်ထက်စစ်ဆေးတဲ့ နည်းစံနစ်တွေခေတ်မှီနေတဲ့..
တဖက်နိုင်ငံရဲ့ ဆိုင်ရာဌာနက ခွင့်ပြုပြီးသားနဲ့ သူတို့ပြည်သူတွေ စိတ်ချသုံးစွဲနေတာပါပဲ..။
ဒါပေမဲ့ တံတားကျော်လာလိုက်တာနဲ့ ကျနော်တို့နိုင်ငံမှာတရားဝင် သုံးစွဲရောင်းဝယ်ခွင့်
မရှိတော့ဘူးလေ..။ ဈေးနှုန်းကိုလည်း ကြည့်ပါဦး.. ဟိုဖက်မှာဝယ်ရင် မြန်မာ ကျပ်ငွေနဲ့ ၆၅၀၀
ကျတဲ့ ဆေးတစ်ခုဟာ ကျနော်တို့ဆီမှာ 8000-8500 လေ..။ ရောင်းတဲ့သူတွေ ကလည်း
နိုင်ငံထဲကိုဘယ်သူကမှသိပ်ပြီးအရဲစွန့် မတင်သွင်းရဲကြဘူးလေ..။ ကျန်တာတွေလည်း
အများကြီးပါပဲ... အစိုးရကလုပ်နေတဲ့ ဖုန်းကဒ်..၊ ခရိုနီကြီးတွေလုပ်နေတဲ့ sky net ..၊
စတာတွေအများကြီးပါ..။ ကျနော်တို့ ပြည်သူတွေအတွက် ဘယ်မှာလည်းရွေးချယ်ခွင့်...???
ဒါပေမဲ့.. သမိုင်းမှာတော့..ပြည်သူတွေအတွက် တခြားသောလုပ်ငန်းရှင်တွေနဲ့ ယှဉ်ပြိုင်ခဲ့ဖူး
တဲ့..."ဦးနာအောက်" လိုလုပ်ငန်းရှင်တော့ ရှိခဲ့ဖူးသားနော်.......။ သူ့လိုတော့ လုပ်ပေးပါလို့
မဆိုလိုပါဘူး...။ ပြည်သူတွေကိုနည်းနည်းလောက်ငဲ့ညာသနားတတ်ရင်ကြေနပ်ပါပြီ...။

No comments:

Post a Comment