Showing posts with label ကျန်းမာရေးအသိ. Show all posts
Showing posts with label ကျန်းမာရေးအသိ. Show all posts

Tuesday, 25 September 2012

အသည်းရောင်အသားဝါ ဘီနှင့်စီရောဂါ for everyone Hepatitis B & C အကြောင်းသိမှတ်စရာ







အသည်းရောင်အသားဝါ ဘီနှင့်စီရောဂါ
for everyone
Hepatitis B & C အကြောင်းသိမှတ်စရာ


ယခုအခါ အသည်းရောင်အသားဝါ ဘီနှင့်စီရောဂါပိုးကူးစက်ခံရသူဦးရေ တဖြည်းဖြည်း တိုးပွားလာနေ
သည့်အတွက် ရောဂါအကြောင်းနှင့် ကူးစက်ပုံကိုသိရှိရန် များစွာလိုအပ်ပေသည်။

အေဘီစီဟုအလွယ်တကူ ခေါ်ဝေါ်နေကြသော အေအိုင်ဒီအက်စ်၊ အသည်းရောင်အသားဝါ ဘီနှင့်စီရောဂါပိုးများသည်ယေဘူယျအားဖြင့် ကူးစက်ပုံတူကြသည်။ ကူးစက်လွယ်ပုံခြင်းသာ ကွဲပြားခြားနားပါသည်။

အသည်းရောင်အသားဝါဘီရောဂါပိုးသည် အေအိုင်ဒီအက်စ်ဖြစ်စေသော HIV ရောဂါပိုးထက်အဆ(၁၀၀)ပိုမို
ကူးစက်လွယ်ပါသည်။ အသည်းရောင်အသားဝါ ဘီနှင့်စီရောဂါပိုးကူးစက်ပုံနည်းလမ်းများကို အောက်
တွင် နှိုင်းယှဉ်ဖော်ပြထားပါသည်။




အသည်းရောင်အသားဝါ ဘီရောဂါပိုးနှင့်
စီရောဂါပိုး ကူးစက်ပုံနည်းလမ်းများ



ကူးစက်မှုနည်းလမ်း ဘီပိုး စီပိုး
မိသားစုအချင်းချင်း တစ်အိမ်တည်းအတူတူနေလျှင် ကူးစက်နိုင်ဖို့များပါသည်။ မကူးစက်နိုင်ပါ။
ရောဂါပိုးရှိသောသူရဲ့ သွေးနဲ့ထိလျှင် သေချာပေါက်ကူးနိုင်ပါသည်။ သေချာပေါက်ကူးနိုင်ပါသည်။
ရောဂါပိုးရှိသူ သုံးထားတဲ့ အပ်နဲ့ဆိုလျှင် သေချာပေါက်ကူးနိုင်ပါသည်။ သေချာပေါက်ကူးနိုင်ပါသည်။
မူးယစ်ဆေးဝါး အကြောဆေးထိုးပြီးအပ်တွေရောသုံးရင် သေချာပေါက်ကူးနိုင်ပါသည်။ သေချာပေါက်ကူးနိုင်ပါသည်။
ပိုးရှိတဲ့သွေး သွင်းမိရင် သေချာပေါက်ကူးနိုင်ပါသည်။ သေချာပေါက်ကူးနိုင်ပါသည်။
ကျောက်ကပ်ဆေးတဲ့စက်မှာ ပိုးပါသွားရင် သေချာပေါက်ကူးနိုင်ပါသည်။ သေချာပေါက်ကူးနိုင်ပါသည်။
နှုတ်ခမ်းချငိးထိမိရင် (သို့်)တံတွေးကနေတစ်ဆင့် ကူးဖို့ခဲယဉ်းပါသည်။ ကူးဖို့ခဲယဉ်းပါသည်။
လိင်ဆက်ဆံတာကနေ သေချာပေါက်ကူးနိုင်ပါသည်။ ကူးဖို့ခဲယဉ်းပါသည်။
မိခင်မှ ကလေးသို့ သေချာပေါက်ကူးနိုင်ပါသည်။ ကူးဖို့ခဲယဉ်းပါသည်။
ပိုးပါတဲ့ကိရိယာတွေနဲ့ ခြစ်မိရင်၊ဖောက်မိရင်(ဥပမာ- နားဖောက်တာ၊ ဆေးမင်ကြောင်ထိုးတာ၊သွားနှုတ်တာ၊ရှားခြစ်ခြင်း၊ရှားဆွဲခြင်း) သေချာပေါက်ကူးနိုင်ပါသည်။ သေချာပေါက်ကူးနိုင်ပါသည်။

ထမင်းစားပြီးလျှင်ရှောင်ကြဉ်သင့်.သည့်အချက်များ













မြန်မာလူမျိုးတို့၏ အဓိကအစားအစာမှာ ထမင်းဖြစ်ပြီး နေ့စဉ်စားနေကြသည်ဖြစ်ရာ ထမင်းစားပြီး
ရှောင်ကြဉ်သင့်သော အချက်(၇)ချက်ကို ကျန်းမာရေးအသိရှိစေရန် ဖော်ပြလိုက်ရပါသည်။

(၁) ဆေးလိပ်မသောက်ပါနှင့်။
ကျွမ်းကျင်သူများ၏ လေ့လာသုတေသနပြုချက်များအရ ထမင်းစားပြီး စီးကရက်တစ်လိပ်သောက်ခြင်းသည် စီးကရက်
ဆယ်လိပ်သောက်ခြင်းနဲ့ညီမျှပြီး ကင်ဆာရောဂါဖြစ်ပွားရန် အခွင့်လမ်းအများဆုံးဖြစ်ကြောင်း သိရှိရသည်။

(၂) သစ်သီးများကိုချက်ချင်း မစားပါနှင့်။
ထမင်းစားပြီးသစ်သီးများကို ချက်ချင်းစားခြင်းသည် အစာအိမ် လေခံစေသည်။ ထို့ကြောင့် သစ်သီးများ စားသုံးမည်ဆိုပါက
ထမင်းစားပြီး တစ်နာရီ(သို့) နှစ်နာရီအကြာနှင့် ထမ်းမစားမီ တစ်နာရီအလိုတွင်သာစားသုံးသင့်သည်။

(၃)လက်ဖက်ရည်မသောက်ပါနှင့်။
လက်ဖက်ရွက်တွင် အက်ဆစ်ပါဝင်မှုနှုန်းမြင့်မားပြီး ၄င်းသည် ကျွန်ုပ်တို့စားသုံးလိုက်သော အစာအိမ်ရှိပရိုတိန်းဓာတ်များကို မာကျောစေသည့်အတွတ်အစာချေရန်အခက်အခဲဖြစ်စေသည်။

(၄) သင်း၏ခါးပတ်ကို မဖြည်လိုက်ပါနှင့်။
ထမင်းစားပြီး ခါးပတ်ကိုဖြည်လိုက်ခြင်း(တစ်နည်းအနည်းငယ်လျှော့လိုက်ခြင်း)သည် ၀မ်းအတွင်းရှိ အူကိုခေါက်စေသည်။

(၅) ရေမချိုးပါနှင့်။
ထမင်းစားပြီးရေချိုးခြင်းသည် လက်များ၊ ခြေထောက်များနှင့် ခန္ဒာကိုယ်များသို့သွားသော သွေးပမာဏကို တိုးပွားစေပြီး အစာအိမ်တစ်ဝိုက်တွင်မှု သွေးပမာဏလျော့ကျသွားသည့်အတွက်ကျွန်တော်တို့အစာအိမ်ရှိ အစာချေစနစ်ကို အားနည်းသွားစေသည်။

(၆) လမ်းမလျှောက်ပါနှင့်။
လူအများကပြောနေကြသည်မှာ ထမင်းစားပြီးလမ်းလျှောက်ခြင်းသည် ခြေလမ်းပေါင်းတစ်ရာလမ်းလျှောက်ခြင်းနှင့်ညီမျှပြီး အသက်(၉၉) နှစ်အထိ အသက်ရှည်ရှည်နေရမည် ဖြစ်ကြောင်း ပြောဆိုကြသည်ကို ကြားဖူးပါသည်။
တစ်ကယ်တော့ ထိုသို့ပြုလုပ်ခြင်းကြောင့် အစာချေစနစ်သည် ကျွန်ုပ်တို့စားသုံးလိုက်သော အစာအေဟာရများကို စုပ်ယူရန် အခက်ခဲဖြစ်သွားပါသည်။
ထို့ကြောင့်ထမင်းစားပြီးလမ်းမလျှောက်ပါနှင့်။

(၇) ချက်ချင်းမအိပ်ပါနှင့်
ထမင်းစားပြီး ချက်ချင်းအိပ်လိုက်ခြင်းကြောင့် ကျွန်ုပ်တို့စားသုံးလိုက်သောအစာများသည် ကောင်းစွာအစာမကျေနိုင်တော့ပေ။



Monday, 10 September 2012

အိပ်ပျက်များခြင်း၏ နောက်ဆက်တွဲ



၁။ အဝလွန်လာနိုင်ခြင်း
အိပ်စက်ချိန် ပုံမမှန်တာကြောင့် သင်ရဲ့ အစာစားချင်စိတ်ကို ထိန်းချုပ်ပေးနေတဲ့ ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေကို မူမမှန် ဖြစ်စေပြီး ကာဗိုဟိုက်ဒရိတ်နဲ့ အဆီတွေကို ပိုမို စားသုံးနိုင်ပါတယ်။ ၂- ၃ ရက်လောက် ဆက်တိုက် အိပ်ရေးပျက်ပါက အစာစားချင်တဲ့ ဂရီလင်(Ghrelin) ဟော်မုန်းကို များစေပြီး အစာစားချင်စိတ်ကို ဖိနှိပ်ပေးတဲ့ လက်ပ်တင် (Leptin) ကို နည်းစေတာကြောင့် ရေရှည်မှာ အဝလွန်လာနိုင်ပါတယ်။

၂။ ခုခံအား ကျဆင်းနိုင်ခြင်း

အိပ်ရေးဝဝ အိပ်စက်တာက သင့်ကို ခုခံအား မြှင့်တင်ပေးပါတယ်။ အိပ်ရေးပျက် များတာကြောင့် ခန္ဓာကိုယ် ခုခံအား ကျဆင်းစေပြီး တုပ်ကွေး အအေးမိ ရောဂါတွေကို ဖြစ်လွယ်စေပါတယ်။



WiFi အင်တာနက် သုံးစွဲသည့် အမျိုးသားများ သတိထားဖွယ်


အသက်(၂၆)နှစ်မှ (၄၅)နှစ်ကြား အမျိုးသား (၂၉)ဦး၏ သုက်သွေးကို စမ်းသပ်လေ့လာမှုအရ ယခုသုတေသန ရလဒ်ကို ပညာရှင်များက အတည်ပြုခဲ့ခြင်းဖြစ်
 WiFi အင်တာနက် သုံးစွဲခြင်းသည် အမျိုးသားများ၏ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ကြောင်း သုတေသီများက သတိပေးလိုက်သည်။ ကွန်ပျူတာနှင့် Laptopများမှ ထွက်ပေါ်လာသည့် Wirelessဖမ်းယူမှု လှိုင်းများသည် သုက်ကောင်များကို ပျက်စီးစေတတ်ကြောင်း သိရသည်။ ထို့ကြောင့် အမျိုးသားများအနေနှင့် Laptopများကို ပေါင်ပေါ်တင်ကာ သုံးစွဲပါက သုက်ပိုးများကို ပျက်စီးစေနိုင်ကြောင်း သုတေသီများက ထောက်ပြခဲ့သည်။

 အသက်(၂၆)နှစ်မှ (၄၅)နှစ်ကြား အမျိုးသား (၂၉)ဦး၏ သုက်သွေးကို စမ်းသပ်လေ့လာမှုအရ ယခုသုတေသန ရလဒ်ကို ပညာရှင်များက အတည်ပြုခဲ့ခြင်းဖြစ်သည်။ Wi-Fiလှိုင်းများသည် DNAကို အနည်းဆုံး (၃)ရာခိုင်နှုန်းမျှ ပျက်စီးထိခိုက်စေပြီး (၄)နာရီမျှ ပေါင်ပေါ်တင်သုံးပါက သုက်ကောင်များ သေဆုံးမှု ဖြစ်ပေးစေရန် (၂၅)ရာခိုင်နှုန်းမျှထိ ဖြစ်လာနိုင်ကြောင်း Fertility and Sterility ဆေးပညာ စာတမ်းတွင် ဖော်ပြထားသည်။

 အဆိုပါ ဖြစ်စဉ်သည် အမျိုးသား တစ်ဦး၏ မျိုးဆက်ပျံ့ပွားရေး စွမ်းဆောင်မှုကို အကန့်အသတ် ဖြစ်စေမည်ဖြစ်သည်။ အမေရိကန်နှင် အာဂျင်တီးနားမှ ပူးပေါင်း သုတေသီ အဖွဲ့တစ်ခုသည် ပရော်ဖက်ဆာ ကွန်ရာဒို အဗန်ဒါနို ဦးဆောင်မှုဖြင့် WiFiစနစ်နှင့် သုက်ပိုးများ ထိခိုက်မှုကြား ဆက်နွယ်နေခြင်းကို အဖြေရှာခဲ့သည်။ “ကျွန်တော်တို့ တွေ့ရှိတဲ့ အချက်အလက်တွေအရ WiFiကို သုံးတဲ့အခါ ထိခိုက်မှုတွေ ရှိနိုင်ပါတယ်။ ဆင်ခြင်သင့်တာက ပေါင်ပေါ်တင်ပြီး အချိန်ကြာကြာ Laptopသုံးတာမျိုး မလုပ်ဖို့ပါ။ ဒါဟာ သုက်သွေး DNAတွေကို ပျက်စီးစေနိုင်ပါတယ်”ဟု အဗန်ဒါနိုက ရှင်းပြခဲ့သည်။
ယခင် သုတေသန ရလဒ်များအရ ပေါင်ပေါ်တင်သုံးသော Laptopများမှ ထွက်ပေါ်သော အပူသည် အမျိုးသားများ၏ သုက်ပိုးများကို ထိခိုက်ပျက်စီးစေနိုင်ကြောင်း ဖော်ထုတ်တွေ့ရှိထားပြီးဖြစ်သည်။

အမေ့ထူသူများအတွက် နည်း ၅ နည်း

သော့ဘယ်မှာ ထားမိမှန်းမသိ ဖြစ်နေသလား။ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ရဲ့ နာမည်ကို မေ့နေသလား။ အမေ့ထူလွန်းလို့ စိတ်ညစ်နေပါသလား။  စိတ်မညစ်ပါနဲ့တော့။ မေ့တတ်တဲ့အကျင့် ပျောက်ပြီး မှတ်ဉာဏ်ကောင်းစေနိုင်တဲ့ အလွယ်နည်းတွေကို သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိထားပါတယ်။
 

Saturday, 8 September 2012

ချက်ပြုတ် ရာမှာ ပန်းဂေါ်ဖီစိမ်းရဲ့ အာနိသင် မပျက် ပျယ်စေဖို့





ပန်းဂေါ်ဖီစိမ်း (Broccoli)က ကင်ဆာကို ကာကွယ် ရာမှာနှင့် တိုက် ဖျက်ရာမှာ အစွမ်း ထက်မြက်ကြောင်း လူသိ များပါတယ်။ အဲသလိုပဲ သင် လည်း သိထားမယ်။ သို့ပေမယ့် ဒီ စူပါ အစားအစာကို ဘယ်လို ပြင်ဆင် ချက်ပြုတ် သလဲ ဆိုတာကလည်း အရေး ကြီးတယ်။

ဖုန်းနှစ်လုံးနဲ့ ဥတစ်လုံး ( အရေးကြီးပါတယ် )


 
 
 
 
 


အခုပြောမယ့်အကြောင်းအရာလေးကို ပေါ့ပေါ့ဆဆမတွေးပဲ သေချာ တွေးစေချင်ပါတယ် ။ ပြီးရင် ကိုယ်နဲ့ နီးစပ်ရာတွေကိုလည်း ပြန်လည်ဖြန့်ဝေပေးစေချင်ပါတယ် ။ အရင်ဆုံး စမ်းသပ်ချက်လေးတစ်ခုကို ပြောဖို့လိုပါတယ် ။ စမ်းသပ်ချက်ပြုလုပ်ဖို့အတွက် သင့်ဆီမှာ မိုဘိုင်းဖုန်း ၂ လုံးနဲ့ ကြက်ဥ သို့မဟုတ် ဘဲဥ တစ်လုံးရှိရပါမယ် ။



ပုံမှာပြထားတဲ့အတိုင်း ဖုန်းနှစ်လုံးအလယ်မှာ ဥ ကိုထားပြီး နေရာချထားလိုက်ပြီး ကျွန်တော်တို့ ဘာတွေဆက်ဖြစ်သလဲဆိုတာ လေ့လာကြည့်ကြရအောင် ။

ကဲ နေရာချထားပြီးပြီဆိုရင်တော့ ဖုန်းနှစ်လုံးကို ဆက်သွယ်မှု ( Call ) ကို စတင်လိုက်ပါ ပြီးရင် ၆၅ မိနစ်အထိ ထားပါမယ် ။ ပထမဆုံး ၁၅ မိနစ်မှာတော့ ဘာမှမဖြစ်သေးပါဘူး ။ ၂၅ မိနစ်လောက်ကြာပြီးတဲ့အခါမှာတော့ ဥ ဟာ ပူစပြုလာပါပြီ ။



ဝိုးးးးးးးး ၄၅ မိနစ်လောက်ရှိလာပြီဖြစ်တဲ့အခါ ဥ ဟာ အရမ်းကို ပူလာပါပြီ ။ သင်ဟာ ၆၅ မိနစ်အထိ ထားမယ်ဆိုရင်တော့ ဥဟာ စားသုံးလို့ရအောင်ကို ကျက်သွားပြီဖြစ်ပါတယ် ။

ကဲ သင်ဘာတွေ မြင်လိုက်ရသလဲ သင်ဘာတွေတွေးမိလိုက်ပါသလဲ ။ မိုဘိုင်းဖုန်းတွေရဲ့ radiation အသံလှိုင်းတွေက အချိန်အမှတ်တစ်ခုရောက်ပြီဆိုရင် ဥထဲက ပရိုတိန်း တွေကို ကျက်သွားစေနိုင်ပါတယ် ။ ကဲ ဒါဆိုရင် ပရိုတိန်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သင့်ဦးနှောက်ကို ကပ်ပြီး ၄၅ မိနစ်ကျော်ကျော်လောက်ဖုန်းပြောရင် ဘာတွေဖြစ်နိုင်ပါသလဲ ။

အလွန်ကို အန္တရာယ်များပါတယ် ။ Nerve လို့ခေါ်တဲ့ အာရုံကြောတွေ ပျက်ဆီးနိုင်သလို မှတ်ဥာဏ်ပိုင်းဆိုရင်ရာ စနစ်တွေဟာလည်း radiation တွေကြောင့် ထိခိုက်နိုင်ပါတယ် ။ ဒါ့အပြင် ဒီမိုဘိုင်းဖုန်းတွေကထုတ်တဲ့ အသံလှိုင်းတွေဟာ လိပ်ပြာတွေကို သေစေနိုင်ပါသတဲ့ ။ ကဲ ကျွန်တော်တို့အားလုံး ဖုန်းပြောမှု ကြာချိန်ကို လျော့ချကြရအောင်လား ။ တတ်နိုင်သမျှ လိုအပ်သလောက်ပဲပြောဆိုကြပါစို့ ။ ဒီ မက်ဆေ့လေးကိုလည်း သင်ချစ်သော သူငယ်ချင်း နဲ့ ညီအကို မောင်နှမများကို ဝေမျှပေးလိုက်ပါ ။