Saturday 17 November 2012

ကွက်လပ်ဖြည့် မေတ္တာ(ဆရာတော် အရှင်တေဇာနန္ဒ )


 


 ကွက်လပ်ဖြည့် မေတ္တာ(ဆရာတော် အရှင်တေဇာနန္ဒ )
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
သူငယ်ချင်းများ မိတ်ဆွေများအားလုံးအတွက် ကူးယူဖော်ပြပါသည်......။

(၁) ကိုယ့်အစာအိမ်က မလိုအပ်ပဲ ၀ယ်စားလိုက် နေကြာစေ့ တစ်ထုပ်ရဲ့ တန်ဘိုးဟာ ဆာလောင်နေတဲ့ ကလေးတစ်ယောက် အတွက်ဆိုရင် အသက်ကယ်တဲ့ နေ့လည်စာ တစ်နပ်လည်း ဖြစ်နိုင်ကောင်းပါရဲ့....


(၂) ကိုယ့်ဖိနပ်စင်မှာ နေရာမလပ်ရှိနေပါလျှက် ထပ်မံ ဖြည့်တင်းလိုက်တဲ့
ဒေါက်ဖိနပ်တစ်ရံရဲ့ တန်ဘိုးဟာ ဆူးစူးနေတဲ့ ခြေထောက်လေးပေါင်းများစွာ အတွက်တော့ အကာအကွယ် တခု ပေးနိုင်ကောင်းပါရဲ့...

(၃) ပြည့်နှက်နေတဲ့ ကိုယ့်အ၀တ်ဗီဒိုထဲကို ပိုပြီး ကျပ်သိပ်သွားအောင်
ဖြည့်ဆည်းလိုက်တဲ့ နိုင်ငံခြားဖြစ် အ၀တ်တစ်ထည်ရဲ့ တန်ဘိုးဟာ
ခိုက်ခိုက်တုန်အောင် ချမ်းနေတဲ့ ကလေးတစ်ယောက် အတွက်တော့
နွေးထွေးမှုလေးတစ်ခု ပေးစွမ်းနိုင်ကောင်းပါရဲ့...

(၄) ကိုယ့်မိသားစု အတွက် ဘယ်လိုမှ ကောင်းကျိုး မပေးနိုင်ပဲ ဖြုန်းတီးပစ်လိုက်တဲ့ ဘီယာဗူးပေါင်းများစွာရဲ့ တန်ဖိုးဟာ မွတ်သိပ်နေတဲ့ ဘ၀ပေါင်းများစွာ အတွက်တော့ သန့်စင်တဲ့ ရေတစ်ကန် အဖြစ် ကျေးဇူးပြုနိုင်ကောင်းပါရဲ့...

(၅) ကိုယ့်အတွက် လူမြင်ကွင်းမှာ ကြွားဝါဖို့လောက်သာ အသုံးကျတဲ့ iPhone တစ်လုံးရဲ့ တန်ဖိုးဟာ အနာဂါတ်မဲ့ ကလေးတစ်ယောက် အတွက်တော့ ဘ၀အာမခံချက်ကို ပေးနိုင်တဲ့ ပညာရေး တစ်ခု အဖြစ်ဖြည့်ဆည်း
ပေးနိုင်ကောင်းပါရဲ့....

ကိုယ့်အတွက် မလိုအပ်တာလေးတွေကို လောကလိုအပ်ချက်လေးတွေ အဖြစ်
ပြောင်းလဲနိုင်ပါစေ...

No comments:

Post a Comment