Monday 20 August 2012

ကျနော်မှတ်စုလေးတွေ.....

*ခွင့်လွှတ်တယ်ဆိုတာ အနိုင်ယူလိုက်တာလည်းမဟုတ်ပါဘူး အရှုံးပေးလိုက်တာလဲမဟုတ်ပါဘူး အထက်စီးကနေတာလည်း မဟုတ်ပါဘူးအောက်ကျို့ တာလည်းမဟုတ်ပါဘူး.. ခွင့်လွှတ်လိုက်တာဟာ ကိုယ့်ကိုကိုယ် လွတ်လပ်မှု ပေးလိုက်တာပါ၊ကိုယ့်စိတ်ကို ငြိမ်းချမ်းခွင့်ပေးလိုက်တာပဲ။ (ဆရာတော် ဦးဇောတိက)

*အထင်ကြီးတယ်ဆိုတာ ဟုတ်တာထက် ပိုပြီးထင်နေတာ ၊ အထင်သေးတယ်ဆိုတာ ဟုတ်တာအောက် လျော့ပြီးထင်နေတာ။ နှစ်မျိုးစလုံး
ဟာ အမှန်တွေမဟုတ်ပါဘူး ။ တစ်နေ့ တစ်နေ့  ကိုယ့်ကိုယ်ကို လေးစားမှုတွေ တိုးပွားနေ အောင် နေသွားနိုင်မှသာ၊ ကိုယ့်ဘဝကို အားရကျေနပ်မယ် သူများအထင်ကြီးတာ သူများအထင်သေးတာ သိပ်အရေးမကြီးပါဘူး သူတို့ စိတ်ထဲမှာ ခဏပေါ်လာတဲ့ အတွေးတစ်ခုပါ။ (ဆရာတော်ဦးဇောတိက)

*ချစ်တဲ့သူတွေဆီကရတဲ့ စိတ်ဒဏ်ရာ

ကိုယ်နဲ့ ရင်းနှီးတဲ့ သူ ခင်မင်တဲ့သူကပဲ ကိုယ်ကိုအများဆုံး ဒုက္ခပေးနိုင်တယ်၊ ကိုယ့်ကိုတစ်ခါမျှ မမြင်ဖူးသောသူ မတွေ့ ဘူးသောသူတွေက ကိုယ်ကိုစိတ်ဆင်ရဲအောင် လုပ်ပါတယ် ဆိုတာ မျိုးဟာ ဘယ်နှစ်ခါကြုံဘူးလည်း ? အင်မတန်ရှားပါတယ် အဲဒီတော့ အဲဒီလူတွေ အားလုံးကို နားလည်ပြီးတော့ ခွင့်လွှတ်တတ်ဖို့ လိုပါတယ်။ (ဦးဇောတိက)

No comments:

Post a Comment