Friday 24 August 2012

ကိုယ့်ဘဝ နဲ့ ကို

ငါ့ကိုယ်ငါခမ်းနားပါတယ်လို့ 
ဘယ်နှခါဥဒါန်းကြူးဘူးလို့ လဲ
ရိသဲ့သဲ့သဘာဝတရားရဲ့အောက်မှာ
အချိုး တကျနေထိုင်ယုံလေးပါ။

ဒီမှာမိတ်ဆွေ.....
ခင်ဗျာရဲ့ စိတ်အန်ဖတ်တွေ
ကျုပ်အမှိုက်ပုံးထဲ လာမထည့်ပါနဲ့ ။

ရပ်တန့် နေတဲ့နှလုံးသားတစုံအတွက်
...
ကဗျာရွက်ပြရအုန်းမယ်။

ဆွမ်းတော်ပွဲထဲကငါးတကောင်ကတော့
သူ့ ကိုယ်သူစိတ်ကြီးဝင်နေလေရဲ့။

ငါက ကြောင်ပါးမ၀ချင်ပါဘူး

ဒါပေမဲ့......
ကြောင်မိုက်လဲအဖြစ်မခံနိုင်ဘူး

တက္ကသိုလ် ကောင်းထက်

No comments:

Post a Comment