Tuesday 25 September 2012

အသည်းရောင်အသားဝါ ဘီနှင့်စီရောဂါ for everyone Hepatitis B & C အကြောင်းသိမှတ်စရာ







အသည်းရောင်အသားဝါ ဘီနှင့်စီရောဂါ
for everyone
Hepatitis B & C အကြောင်းသိမှတ်စရာ


ယခုအခါ အသည်းရောင်အသားဝါ ဘီနှင့်စီရောဂါပိုးကူးစက်ခံရသူဦးရေ တဖြည်းဖြည်း တိုးပွားလာနေ
သည့်အတွက် ရောဂါအကြောင်းနှင့် ကူးစက်ပုံကိုသိရှိရန် များစွာလိုအပ်ပေသည်။

အေဘီစီဟုအလွယ်တကူ ခေါ်ဝေါ်နေကြသော အေအိုင်ဒီအက်စ်၊ အသည်းရောင်အသားဝါ ဘီနှင့်စီရောဂါပိုးများသည်ယေဘူယျအားဖြင့် ကူးစက်ပုံတူကြသည်။ ကူးစက်လွယ်ပုံခြင်းသာ ကွဲပြားခြားနားပါသည်။

အသည်းရောင်အသားဝါဘီရောဂါပိုးသည် အေအိုင်ဒီအက်စ်ဖြစ်စေသော HIV ရောဂါပိုးထက်အဆ(၁၀၀)ပိုမို
ကူးစက်လွယ်ပါသည်။ အသည်းရောင်အသားဝါ ဘီနှင့်စီရောဂါပိုးကူးစက်ပုံနည်းလမ်းများကို အောက်
တွင် နှိုင်းယှဉ်ဖော်ပြထားပါသည်။




အသည်းရောင်အသားဝါ ဘီရောဂါပိုးနှင့်
စီရောဂါပိုး ကူးစက်ပုံနည်းလမ်းများ



ကူးစက်မှုနည်းလမ်း ဘီပိုး စီပိုး
မိသားစုအချင်းချင်း တစ်အိမ်တည်းအတူတူနေလျှင် ကူးစက်နိုင်ဖို့များပါသည်။ မကူးစက်နိုင်ပါ။
ရောဂါပိုးရှိသောသူရဲ့ သွေးနဲ့ထိလျှင် သေချာပေါက်ကူးနိုင်ပါသည်။ သေချာပေါက်ကူးနိုင်ပါသည်။
ရောဂါပိုးရှိသူ သုံးထားတဲ့ အပ်နဲ့ဆိုလျှင် သေချာပေါက်ကူးနိုင်ပါသည်။ သေချာပေါက်ကူးနိုင်ပါသည်။
မူးယစ်ဆေးဝါး အကြောဆေးထိုးပြီးအပ်တွေရောသုံးရင် သေချာပေါက်ကူးနိုင်ပါသည်။ သေချာပေါက်ကူးနိုင်ပါသည်။
ပိုးရှိတဲ့သွေး သွင်းမိရင် သေချာပေါက်ကူးနိုင်ပါသည်။ သေချာပေါက်ကူးနိုင်ပါသည်။
ကျောက်ကပ်ဆေးတဲ့စက်မှာ ပိုးပါသွားရင် သေချာပေါက်ကူးနိုင်ပါသည်။ သေချာပေါက်ကူးနိုင်ပါသည်။
နှုတ်ခမ်းချငိးထိမိရင် (သို့်)တံတွေးကနေတစ်ဆင့် ကူးဖို့ခဲယဉ်းပါသည်။ ကူးဖို့ခဲယဉ်းပါသည်။
လိင်ဆက်ဆံတာကနေ သေချာပေါက်ကူးနိုင်ပါသည်။ ကူးဖို့ခဲယဉ်းပါသည်။
မိခင်မှ ကလေးသို့ သေချာပေါက်ကူးနိုင်ပါသည်။ ကူးဖို့ခဲယဉ်းပါသည်။
ပိုးပါတဲ့ကိရိယာတွေနဲ့ ခြစ်မိရင်၊ဖောက်မိရင်(ဥပမာ- နားဖောက်တာ၊ ဆေးမင်ကြောင်ထိုးတာ၊သွားနှုတ်တာ၊ရှားခြစ်ခြင်း၊ရှားဆွဲခြင်း) သေချာပေါက်ကူးနိုင်ပါသည်။ သေချာပေါက်ကူးနိုင်ပါသည်။

ပရဟိတအလုပ်ဆုံးလူဟာ အမြတ်ဆုံးလူပါ။




ဘုရားရှင်တိုင်းဟာ
ဘုရားမဖြစ်ခင်မှာလည်း
ပရဟိတစိတ်ဓါတ်နဲ့ပဲ

ပါရမီဖြည့်ခဲ့ကြသလို
ဘုရားဖြစ်ပြီးနောက်ပိုင်းမှာလည်း
ပရဟိတစိတ်ဓါတ်နဲ့ပဲ
လောကကို
ကောင်းကျိုးပြုသွားခဲ့ကြပါတယ်။
ဘုရားဆိုတာ
ပရဟိတရဲ့အမှတ်သင်္ကေတပါ။
တစ်လောကလုံးမှာ
ပရဟိတစိတ်ဓါတ်အရှိဆုံးနဲ့
ပရဟိတအလုပ်
အလုပ်ဆုံးပုဂ္ဂိုလ်ဟာ
သမ္မာသမ္ဗ္ဗုဒ္ဓ ဘုရားပါပဲ.။
ဘယ်သူပဲဖြစ်ဖြစ်
ပရဟိတအလုပ်လုပ်ရင်
လုပ်သလောက်မြင့်မြတ်ပါတယ်။
ပရဟိတ များများလုပ်လေ
ပိုပြီးမြင့်မြတ်လေပါပဲ။

( အရှင်ဆန္ဒာဓိက )

ထမင်းစားပြီးလျှင်ရှောင်ကြဉ်သင့်.သည့်အချက်များ













မြန်မာလူမျိုးတို့၏ အဓိကအစားအစာမှာ ထမင်းဖြစ်ပြီး နေ့စဉ်စားနေကြသည်ဖြစ်ရာ ထမင်းစားပြီး
ရှောင်ကြဉ်သင့်သော အချက်(၇)ချက်ကို ကျန်းမာရေးအသိရှိစေရန် ဖော်ပြလိုက်ရပါသည်။

(၁) ဆေးလိပ်မသောက်ပါနှင့်။
ကျွမ်းကျင်သူများ၏ လေ့လာသုတေသနပြုချက်များအရ ထမင်းစားပြီး စီးကရက်တစ်လိပ်သောက်ခြင်းသည် စီးကရက်
ဆယ်လိပ်သောက်ခြင်းနဲ့ညီမျှပြီး ကင်ဆာရောဂါဖြစ်ပွားရန် အခွင့်လမ်းအများဆုံးဖြစ်ကြောင်း သိရှိရသည်။

(၂) သစ်သီးများကိုချက်ချင်း မစားပါနှင့်။
ထမင်းစားပြီးသစ်သီးများကို ချက်ချင်းစားခြင်းသည် အစာအိမ် လေခံစေသည်။ ထို့ကြောင့် သစ်သီးများ စားသုံးမည်ဆိုပါက
ထမင်းစားပြီး တစ်နာရီ(သို့) နှစ်နာရီအကြာနှင့် ထမ်းမစားမီ တစ်နာရီအလိုတွင်သာစားသုံးသင့်သည်။

(၃)လက်ဖက်ရည်မသောက်ပါနှင့်။
လက်ဖက်ရွက်တွင် အက်ဆစ်ပါဝင်မှုနှုန်းမြင့်မားပြီး ၄င်းသည် ကျွန်ုပ်တို့စားသုံးလိုက်သော အစာအိမ်ရှိပရိုတိန်းဓာတ်များကို မာကျောစေသည့်အတွတ်အစာချေရန်အခက်အခဲဖြစ်စေသည်။

(၄) သင်း၏ခါးပတ်ကို မဖြည်လိုက်ပါနှင့်။
ထမင်းစားပြီး ခါးပတ်ကိုဖြည်လိုက်ခြင်း(တစ်နည်းအနည်းငယ်လျှော့လိုက်ခြင်း)သည် ၀မ်းအတွင်းရှိ အူကိုခေါက်စေသည်။

(၅) ရေမချိုးပါနှင့်။
ထမင်းစားပြီးရေချိုးခြင်းသည် လက်များ၊ ခြေထောက်များနှင့် ခန္ဒာကိုယ်များသို့သွားသော သွေးပမာဏကို တိုးပွားစေပြီး အစာအိမ်တစ်ဝိုက်တွင်မှု သွေးပမာဏလျော့ကျသွားသည့်အတွက်ကျွန်တော်တို့အစာအိမ်ရှိ အစာချေစနစ်ကို အားနည်းသွားစေသည်။

(၆) လမ်းမလျှောက်ပါနှင့်။
လူအများကပြောနေကြသည်မှာ ထမင်းစားပြီးလမ်းလျှောက်ခြင်းသည် ခြေလမ်းပေါင်းတစ်ရာလမ်းလျှောက်ခြင်းနှင့်ညီမျှပြီး အသက်(၉၉) နှစ်အထိ အသက်ရှည်ရှည်နေရမည် ဖြစ်ကြောင်း ပြောဆိုကြသည်ကို ကြားဖူးပါသည်။
တစ်ကယ်တော့ ထိုသို့ပြုလုပ်ခြင်းကြောင့် အစာချေစနစ်သည် ကျွန်ုပ်တို့စားသုံးလိုက်သော အစာအေဟာရများကို စုပ်ယူရန် အခက်ခဲဖြစ်သွားပါသည်။
ထို့ကြောင့်ထမင်းစားပြီးလမ်းမလျှောက်ပါနှင့်။

(၇) ချက်ချင်းမအိပ်ပါနှင့်
ထမင်းစားပြီး ချက်ချင်းအိပ်လိုက်ခြင်းကြောင့် ကျွန်ုပ်တို့စားသုံးလိုက်သောအစာများသည် ကောင်းစွာအစာမကျေနိုင်တော့ပေ။



Monday 17 September 2012

မယား....(၇)မျိုး


လူ့သဘာဝအရ လူသားဖြစ်သော ကျား(အဖို)နှင့် မ(အမ) တို့ ချိန်ခါရွယ်ရောက်ပြီးနောက် အကြင်လင်မယားအဖြစ် အိုးအိမ်ထူထောင်နေထိုင်လေ့ရှိရာတွင် အမဖြစ်သော သတ္တ၀ါကို ရည်ညွှန်းသတ်မှတ်ခေါ်သော အမည်တမျိုးဖြစ်သည်။

ရှေးအစဉ်အလာအရ ခွဲခြားပြဆိုသောမယားအမျိုးအစားကွဲပြားကို အောက်တွင်ဖေါ်ပြထားသည်။

၁။ သူသတ်နှင့်တူသော မယား၊
လင်ယောက်ျား၏ အကြင်မယားသည် ဒေါသ ဖျက်ဆီးအပ်သော စိတ်ရှိသည်ဖြစ်၍ အစီးအပွါးကို အစဉ် စောင့်ရှောက်လေ့ မရှိဘဲ မိမိလင်မှ တခြားသော ယောက်ျား တို့၌ တပ်မက်မောလျက် မိမိလင်ကို (မရိုမသေ) မထီမဲ့မြင် အောက်မေ့၏၊ ဥစ္စာဖြင့် ၀ယ်သူကို သတ်ရန် (အားထုတ်သကဲ့သို့) အားထုတ်တတ်၏၊ ဤသို့ သဘောရှိသော ထိုမယားကို သူသတ်မဟူ၍ လည်းကောင်း၊ မယားဟူ၍ လည်းကောင်း ဆိုအပ်၏။


၂။ ခိုးသူနှင့်တူသော မယား၊
လင်ယောက်ျား၏ အကြင်မယားသည် မိမိ၏ အရှင်သခင်ဖြစ်သူ လင်ယောက်ျား သည် အတတ်ပညာကို လည်းကောင်း၊ ကုန်သွယ်ခြင်းကို လည်းကောင်း၊ လယ်လုပ်ခြင်းကို လည်းကောင်း ဆောက်တည် (စီရင်)၍ ရအပ်သော ဥစ္စာအနက် အနည်းငယ်မျှသော ဥစ္စာကို သော်လည်း အပြင်သို့ ဆောင်ယူခြင်းငှါ အလိုရှိ၏၊ ဤသို့ သဘောရှိသော ထိုမယားကို ခိုးသူမ ဟူ၍ လည်းကောင်း၊ မယားဟူ၍ လည်းကောင်း ဆိုအပ်၏။

၃။ အရှင်နှင့်တူသော မယား၊
လင်ယောက်ျား၏ အကြင် မယားသည် အလုပ်အကိုင် လုပ်ရန် အလိုမရှိ၊ ပျင်းရိ၏၊ အစားကြီး၏၊ စိတ်လည်း ကြမ်းတမ်း၏၊ ကိုယ်အမူအရာလည်း ကြမ်းတမ်း၏၊ ကြမ်းတမ်းသော စကားတို့ကိုလည်း ဆိုတတ်၏၊ လုံ့လ၀ီရိယ ရှိသော လင်ကို လည်း နှိပ်စက် လွှမ်းမိုး၍ ကျင့်တတ်၏၊ ဤသို့ သဘောရှိသော ထိုမယားကို အရှင်သခင်မဟူ၍ လည်းကောင်း၊ မယားဟူ၍ လည်းကောင်း ဆိုအပ်၏။

၎။ အမိနှင့်တူသော မယား၊
လင်ယောက်ျား၏ အကြင်မယားသည် အခါခပ်သိမ်း အစီးအပွါးကို အစဉ်စောင့် ရှောက်လေ့ရှိ၏၊ အမိသည် သားကို အစဉ်စောင့်ရှောက်သကဲ့သို့ လင်ကို အစဉ် စောင့်ရှောက်တတ်၏၊ ထို့ကြောင့် ထိုလင် ယောက်ျား ဆည်းပူးရှာဖွေအပ်သော ဥစ္စာကို စောင့်ရှောက်၏၊ဤသို့ သဘောရှိသော ထိုမယားကို အမိဟူ၍ လည်းကောင်း၊ မယားဟူ၍ လည်းကောင်း ဆိုအပ်၏။

၅။ နှမနှင့်တူသော မယား၊
လင်ယောက်ျား၏ အကြင်မယားသည် အစ်မကြီး နှမငယ်သည် မောင်၌ ရိုသေ သကဲ့သို့ ထို့အတူ မိမိလင်၌ ရိုသေ၏၊ အရှက်နှင့်ယှဉ်သော စိတ်ရှိ၏၊ လင်၏ အလိုသို့ လိုက်တတ်၏၊ ဤသို့ သဘောရှိသော ထိုမယားကို အစ်မ နှမဟူ၍ လည်းကောင်း၊ မယားဟူ၍ လည်းကောင်း ဆိုအပ်၏။

၆။ အဆွေခင်ပွန်းနှင့်တူသော မယား၊
လင် ယောက်ျား၏ အကြင်မယားသည် ဤလောက၌ အဆွေခင်ပွန်းသည် ကြာမြင့် မှ ရောက်လာသော အဆွေခင်ပွန်းကို မြင်၍ လွန်စွာ ၀မ်းမြောက် သကဲ့သို့ လင်ကို မြင်၍ လွန်စွာ ၀မ်းမြောက်၏၊ အမျိုးနှင့် ပြည့်စုံ၏၊ သီလရှိ၏၊ လင်၌ ရိုသေစွာ ကျင့်တတ်၏၊ ဤသို့ သဘောရှိသော ထိုမယားကို အဆွေခင်ပွန်းဟူ၍ လည်းကောင်း၊ မယားဟူ၍ လည်းကောင်း ဆိုအပ်၏။

၇။ ကျွန်မနှင့်တူသော မယား၊
လင်ယောက်ျား၏ အကြင်မယားသည် (လင်ယောက်ျားက) တုတ်လှံတန်ကို ကိုင်၍ သတ်ပုတ် ခြင်းဖြင့် ခြိမ်းခြောက် အပ်သော်လည်း အမျက်ထွက်ခြင်း ထိတ်လန့်ခြင်း မရှိ၊ (ဒေါသဖြင့်) မပြစ်မှားသော စိတ်ရှိ၏၊ လင်ကို သည်းခံတတ်၏၊ အမျက်ထွက်ခြင်း မရှိ၊ လင်၏ အလိုသို့ လိုက်တတ်၏၊ ဤသို့ သဘောရှိသော ထိုမယားကို ကျွန်မဟူ၍ လည်းကောင်း၊ မယားဟူ၍ လည်းကောင်း ဆိုအပ်၏။

ရည်ညွှန်းကိုးကား
  • ဘရိယာသုတ်၊ အဗျာကတ၀ဂ်၊ အင်္ဂုတ္ထိုရ်။

တွန်းမလား......ဆွဲမလား........


တစ်ခါက အက်ဒီဆင်မှာ အားအကိုးရဆုံး တပည့်ကြီးတစ်ယောက်ရှိတယ်.။ သူဟာ အက်ဒီဆင်ရဲ့ အားအကိုးရဆုံးသော တပည့်ကြီး တစ်ယောက်ဖြစ်တယ်. ။ တွေးခေါ်စဉ်းစား လုပ်ကိုင်မှု အားအလွန် ထက်သန်ကောင်းမွန်တယ်.။ လုပ်ရည်ကိုင်ရည် ပြည့်ဝတယ်.။ အက်ဒီဆင်ပြီးရင် သူ့ကို အားလုံးက အလေးစားဆုံး ဖြစ်ခဲ့ကြတယ်.။ ဒါကို သူက ဒီလို ပြောတယ်.။ “ တကယ်တော့ဗျာ.။ ကျွန်တော် က ဘာမှ တတ်တဲ့ သိတဲ့ တော်တဲ့ လူတစ်ယောက် မဟုတ်ပါဘူး. ကျွန်တော်ဟာ သာမာန်လူတစ်ယောက်ပါ.။ ဒါပေမဲ့
အရမ်းကို တတ်ကြွ ဖြတ်လတ် နေတတ်တဲ့ ကျွန်တော့်ဆရာနဲ့ တွေ့ပြီးတဲ့ နောက်ပိုင်း ကျွန်တော်မှာ အင်အားတွေ အလိုလို ရှိလာတယ်.။ အတွေးတွေ ထက်မြက်လာတယ်.။ ကျွန်တော့်မှာ စိတ်ပျက်နေမိတဲ့ နေ့ရက်တွေ ၊ အင်အားမဲ့နေတဲ့ အချိန်တွေမှာ ဆရာရဲ့ အမြဲတမ်း သွက်လက်နေမှုက ကျွန်တော့်ကို အမြဲတမ်းသွက်သက် ထက်မြက်လာအောင် ဆွဲဆောင် လှုပ်ဆော်သွားတာပါပဲ.။ ”


ကောသလ မင်းအိပ်မက် (၁၆ )ချက်....


(၁) အမေး။ ။နွားနက်လေးခု၊ ဝှေ့မှုဟန်ပြင်၊ မဝှေ့ကြဘဲ၊ ရှောင်လွဲသည်မြင်။
အဖြေ။ ။အရှေ့အနောက်၊ တောင်မြောက် မိုးဆင်၊ ခြိမ်းသံပေး မိုးဝေးလွင့်ပျောက်စင်။

(၂) အမေး။ ။မြေကမကြွ၊ ငယ်လှသစ်ပင်၊ ဖူးငုံရင့်ပြီး၊ ပွင့်သီးတွေ့မြင်။
အဖြေ။ ။အရွယ်မမျှ၊ ပျိုမ လုံခင်၊ သမီးသား၊ လင်ထား အိမ်ထောင်ဆင်။

(၃) အမေး။ ။ယနေ့ဖွားစ၊ နွားမနို့သာ၊ မိခင်နွားကြီး၊ စို့ပြီးနေရှာ။
အဖြေ။ ။သမီးနှင့်သား၊ စီးပွားဆိုင်ရာ၊ မိနှင့်ဖ၊ ကျွေးမှစားရမှာ။

(၄) အမေး။ ။နွားကြီးမကြိုက်၊ ၀န်တိုက်နွားငယ်၊ မရုန်းနိုင်ဘဲ၊ ၀ပ်လဲနေတယ်။
အဖြေ။ ။ကြီးသူပယ်ရှား၊ မြှောက်ထားလူငယ်၊ တိုင်းပြည်ရေး၊ ရှုပ်ထွေးပွေတော့မယ်။

(၅) အမေး။ ။ခံတွင်းနှစ်ခွ၊ မြင်းလှရာဇာ၊ ကျွေးမွေးသမျှ၊ မ၀နိုင်ပါ။
အဖြေ။ ။မှူးမတ်မင်းစိုး၊ လာဘ်ထိုးသူရှာ၊ နှစ်ဘက်စား၊ တရားစီရင်မှာ။

(၆) အမေး။ ။ခွေးအိုထံဆက်၊ ရွှေခွက်သိန်းတန်၊ ကျင်ငယ်အမြဲ၊ ခွက်ထဲစွန့်ပြန်။
အဖြေ။ ။မျိုးမြတ်သမီး၊ ပစ္စည်းမက်ဟန်၊ အမျိုးယုတ်၊ လင်လုပ်ပေါင်းဆက်ဆံ။

(၇) အမေး။ ။ရှေ့ကကျစ်ချ၊ လွန်စကြိုးကို၊ ခွေးမခိုးစား၊ ကိုက်ဝါးကာမျို။
အဖြေ။ ။လင်ကြီးပစ္စည်း၊ သိမ်းဆည်းမသို၊ လင်ငယ်အား မယားလောကွတ်ပို။

(၈) အမေး။ ။အိုးငယ်ချည်းနှီး၊ အိုးကြီးရေလျှံ၊ အိုးကြီးကိုဘဲ၊ ရေဆွဲလောင်းပြန်။
အဖြေ။ ။ဆင်းရဲသူများ၊ ၀တ်စားမကျန်၊ အခွန်တွက်၊ နှိပ်စက်ငွေကောက်ခံ။

(၉) အမေး။ ။ကြာမျိုးငါးဝ၊ ပွင့်ကြရေကန်၊ ရေလယ်နောက်လျက်၊ ကမ်းဘက်ကြည်ပြန်။
အဖြေ။ ။မြို့တွင်းပွေရှုပ်၊ ခွန်တုတ်ကောက်ခံ၊ မြို့ပြင်ထွက်၊ ပြည့်နှက်စည်ကားရန်။

(၁၀) အမေး။ ။တစ်အိုးတည်းချက်၊ အကျက်မညီ၊ ထမင်းမာဆတ်၊ ပျော့နပ်သုံးလီ။
အဖြေ။ ။မင်းနှင့်လူများ၊ တရားမညီ၊ မိုးသုံးစား၊ ကွက်ကြားရွာချမည်။

(၁၁) အမေး။ ။မွှေးထုံနဲ့ကြူး၊ စန္ဒကူးသိန်းတန်၊ ပုန်းရည်နှင့်လဲ၊ သုံးစွဲစားပြန်။
အဖြေ။ ။အလဇ္ဇီများ၊ တရားဖိုးတန်၊ ငွေနှင့်လဲ၊ အမြဲဟောမည်မှန်။

(၁၂) အမေး။ ။သံကြေးမပေါင်း၊ ဘူးတောင်း ဘူးအုံ၊ ရေတွင်စုပ်စုပ်၊ နစ်မြုပ်လုံးစုံ။
အဖြေ။ ။ပညာရှိများ၊ စကားဥဿုံ၊ ပြောသမျှ၊ လောကမသုံးကုန်။

(၁၃) အမေး။ ။အိမ်လုံး တောင်လုံး၊ ကျောက်တုံးကျောက်ဖျာ၊ ရေမှာဘွားဘွား၊ ထင်ရှားပေါ်လာ။
အဖြေ။ ။ရဟန်းရှင်ဆိုး၊ လူဆိုးများသာ၊ ဂုဏ်ရောင်တိုး၊ တန်ခိုးပေါ်ထွက်မှာ။

(၁၄) အမေး။ ။အဆိပ်ပြင်းတောက်၊ မြွေဟောက်ကြီးကို၊ ဖားငယ်မများ၊ ကိုက်ဝါးကာမျို။
အဖြေ။ ။ကညာယူထား၊ သက်ကြားဘိုးအို၊ မယားဆဲ၊ အမြဲအော်ငေါက်ဆို။

(၁၅) အမေး။ ။အဆင်းမည်းနက်၊ ကျီးငှက်ထံမှာ၊ ရွှေဟင်္သာများ၊ ခစားနေရှာ။
အဖြေ။ ။ပညာသီလ၊ ပြည့်ဝသူဟာ၊ သူယုတ်အား၊ ၀ပ်တွားနေရမှာ။

(၁၆) အမေး။ ။ဆိတ်ကိုမြင်ငြား၊ ကြောက်အားပြင်းထန်၊ ခြင်္သေ့သစ်ကျား၊ ခုန်လွှားပြေးပြန်။
အဖြေ။ ။သူယုတ်မာများ၊ ထောင်လွှားနိုင်ငံ၊ သူတော်ကောင်း ပုန်းအောင်းတောမြိုင်ယံ။

Thursday 13 September 2012

3Q ရှိရင် လူတော်တစ်ယောက်ဖြစ်ပြီ..

 








ယနေ့ခေတ်တွင် လူသားတို့သည် မိမိဘ၀ရပ်တည်မှု၊ဖွံ့ဖြိုးတိုးတက်မှုများ
ယှဉ်ပြိုင်လာကြရာ ရှေးက ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုချင်းယှဉ်ပြိုင်လာကြရာမှ
အသိဥာဏ်ပညာသည် အရေးကြီးလာရသည်။
ထိုသို့ယှဉ်ပြိုင်ကြရာမှ အသိပညာရှင် IQသမားများသည် လွန်စွာအားထား ရသော ဖွံ့ဖြိုးရေးပြယုဂ်များ ဖြစ်ခဲ့ကြသည်။
၎င်းတို့သည်မွေးရာပါဥာဏ်ထူးသူgeniusများသာမက သင်ကြားပေါက်မြောက် အောင်မြင်လျက် ပတ်ဝန်းကျင်အတွက် အကျိုးပြုသူ

များဖြစ်ကြပေသည်။ပရော်ဖက်ဆာများ၊ဆရာဝန်များ၊ပညာရှင်များစသည်.....
သို့သော် အိုင်ကြူသမားတိုင်းအောင်မြင်မှုမရနိုင်ကြပေ....
မိမိကိုယ်တိုင်နှင့် ပတ်ဝန်းကျင်ကို ထိန်းသိမ်းပဲ့ကိုင်နိုင်စွမ်းသောEQ သမားသည် ထိုထက်ပိုအရေးပါလာပေသည်။ဥပမာ-ဟစ်တလာသည် ထူးချွန်
ထက်မြက်သူ၊စည်းရုံးရေးကောင်းမွန်သူဖြစ်ပါလျက် စိတ်အလိုမထိန်းချုပ်နိုင်
သဖြင့် ကျဆုံးရလေသည်။မိမိကိုယ်ကို ထိန်းသိမ်းနိုင်စွမ်းသော EQသမားသည် ပိုပြီးအောင်မြင်ရတတ်ပေသည်။
၎င်းတွင် ပတ်ဝန်းကျင်နှင့် လူမှုရေးထိန်းသိမ်းနိုင်စွမ်းပါဝင်ပေသည်။
ထိုနောက်တွင်မှ SQ ကို ဖြည့်စွက်လာကြသည်
ှSQသည် Will Powerနှင့် စပ်ဆိုင်ပေသည်။ ပြသနာတစ်ရပ်ကို ကြားသည်နှင့်
အဖြေထုတ်နိုင်စွမ်း၊ အနာဂတ်ကိုကြိုမြင်နိုင်စွမ်းရှိသူဖြစ်သည်။ ဥပမာ-မိုးလေ၀သပညာရှင်ဦးထွန်းလွင်ကဲ့သို့..တိမ်ကိုမြင်သည်နှင့် မိုးရွာမည်
မရွာမည် ခန့်မှန်းနိုင်စွမ်းသော သူမျိုး။ IQ,EQ နှစ်ရပ်လုံးပြည့်စုံပါမှ sQသည် ဖြစ်ပေါ်တိုးတက်လာရသ်ည်။လျင်မြန်စွာ စဉ်းစားအဖြေထုတ်နိုင်ခြင်း၊ခေတ်စနစ်နှင့်အညီ ရဲရင့်စွာသုံးသပ်နိုင်ခြင်း၊တွေး
ခေါ်မျှော်မြင်နိုင်ခြင်း၊ဥပဒေဘောင်တွင်းမှ ဆီလျော်မည့် စည်းကမ်းမူဝါဒများ၊
ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်နိုင်စွမ်းသူများကို ဆိုလိုသည်။မည်သည့်မူဝါဒကိုမျှပုံသေကားချပ်မထားတတ်သူမျိုးဖြစ်သည်။
အချုပ်ဆိုရပါမူ...IQ+EQ+SQ=လူတော် ပင်ဖြစ်ပါသည်ဟု...........
.................
.............
လူငယ်တစ်ယောက်အနေဖြင့်လေ့လာမိသမျှတင်ပြခြင်းသာဖြစ်သဖြင့်မှား
ယွင်းအားနည်းချက်များရှိပါကသည်းခံ ဖြည့်စွက်ပေးပါရန်............
................
အမြင့်ရောက်မှအမြင်ကျယ်တာထက်အမြင်ကျယ်ပြီးအမြင့်ရောက်နိုင်ကြပါစေ
......................
..................................................
Karsino (https://www.facebook.com/karsi.no.7) ၏ ရေးသားချက်ကို ကူးယူဖေါ်ပြသည် ။
အစားကောင်းများစားရလျှင် ခင်ရာဆွေမျိုးမိတ်ဆွေသူငယ်ချင်းများကို သတိရသကဲ့သို့ 
သဘောကျနှစ်သက်ခံစားရသော စာအုပ်ကောင်းများ ဖတ်ခဲ့ရသောအခါတွင် ခင်မင်တဲ့
မိတ်ဆွေများကို ဝေမျှချင်ခဲ့သောစိတ်များ တဖွားဖွားပေါ်ပေါက်လာခဲ့ပါသည်။

Monday 10 September 2012

အိပ်ပျက်များခြင်း၏ နောက်ဆက်တွဲ



၁။ အဝလွန်လာနိုင်ခြင်း
အိပ်စက်ချိန် ပုံမမှန်တာကြောင့် သင်ရဲ့ အစာစားချင်စိတ်ကို ထိန်းချုပ်ပေးနေတဲ့ ဦးနှောက်ရဲ့ လုပ်ဆောင်မှုတွေကို မူမမှန် ဖြစ်စေပြီး ကာဗိုဟိုက်ဒရိတ်နဲ့ အဆီတွေကို ပိုမို စားသုံးနိုင်ပါတယ်။ ၂- ၃ ရက်လောက် ဆက်တိုက် အိပ်ရေးပျက်ပါက အစာစားချင်တဲ့ ဂရီလင်(Ghrelin) ဟော်မုန်းကို များစေပြီး အစာစားချင်စိတ်ကို ဖိနှိပ်ပေးတဲ့ လက်ပ်တင် (Leptin) ကို နည်းစေတာကြောင့် ရေရှည်မှာ အဝလွန်လာနိုင်ပါတယ်။

၂။ ခုခံအား ကျဆင်းနိုင်ခြင်း

အိပ်ရေးဝဝ အိပ်စက်တာက သင့်ကို ခုခံအား မြှင့်တင်ပေးပါတယ်။ အိပ်ရေးပျက် များတာကြောင့် ခန္ဓာကိုယ် ခုခံအား ကျဆင်းစေပြီး တုပ်ကွေး အအေးမိ ရောဂါတွေကို ဖြစ်လွယ်စေပါတယ်။



WiFi အင်တာနက် သုံးစွဲသည့် အမျိုးသားများ သတိထားဖွယ်


အသက်(၂၆)နှစ်မှ (၄၅)နှစ်ကြား အမျိုးသား (၂၉)ဦး၏ သုက်သွေးကို စမ်းသပ်လေ့လာမှုအရ ယခုသုတေသန ရလဒ်ကို ပညာရှင်များက အတည်ပြုခဲ့ခြင်းဖြစ်
 WiFi အင်တာနက် သုံးစွဲခြင်းသည် အမျိုးသားများ၏ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ကြောင်း သုတေသီများက သတိပေးလိုက်သည်။ ကွန်ပျူတာနှင့် Laptopများမှ ထွက်ပေါ်လာသည့် Wirelessဖမ်းယူမှု လှိုင်းများသည် သုက်ကောင်များကို ပျက်စီးစေတတ်ကြောင်း သိရသည်။ ထို့ကြောင့် အမျိုးသားများအနေနှင့် Laptopများကို ပေါင်ပေါ်တင်ကာ သုံးစွဲပါက သုက်ပိုးများကို ပျက်စီးစေနိုင်ကြောင်း သုတေသီများက ထောက်ပြခဲ့သည်။

 အသက်(၂၆)နှစ်မှ (၄၅)နှစ်ကြား အမျိုးသား (၂၉)ဦး၏ သုက်သွေးကို စမ်းသပ်လေ့လာမှုအရ ယခုသုတေသန ရလဒ်ကို ပညာရှင်များက အတည်ပြုခဲ့ခြင်းဖြစ်သည်။ Wi-Fiလှိုင်းများသည် DNAကို အနည်းဆုံး (၃)ရာခိုင်နှုန်းမျှ ပျက်စီးထိခိုက်စေပြီး (၄)နာရီမျှ ပေါင်ပေါ်တင်သုံးပါက သုက်ကောင်များ သေဆုံးမှု ဖြစ်ပေးစေရန် (၂၅)ရာခိုင်နှုန်းမျှထိ ဖြစ်လာနိုင်ကြောင်း Fertility and Sterility ဆေးပညာ စာတမ်းတွင် ဖော်ပြထားသည်။

 အဆိုပါ ဖြစ်စဉ်သည် အမျိုးသား တစ်ဦး၏ မျိုးဆက်ပျံ့ပွားရေး စွမ်းဆောင်မှုကို အကန့်အသတ် ဖြစ်စေမည်ဖြစ်သည်။ အမေရိကန်နှင် အာဂျင်တီးနားမှ ပူးပေါင်း သုတေသီ အဖွဲ့တစ်ခုသည် ပရော်ဖက်ဆာ ကွန်ရာဒို အဗန်ဒါနို ဦးဆောင်မှုဖြင့် WiFiစနစ်နှင့် သုက်ပိုးများ ထိခိုက်မှုကြား ဆက်နွယ်နေခြင်းကို အဖြေရှာခဲ့သည်။ “ကျွန်တော်တို့ တွေ့ရှိတဲ့ အချက်အလက်တွေအရ WiFiကို သုံးတဲ့အခါ ထိခိုက်မှုတွေ ရှိနိုင်ပါတယ်။ ဆင်ခြင်သင့်တာက ပေါင်ပေါ်တင်ပြီး အချိန်ကြာကြာ Laptopသုံးတာမျိုး မလုပ်ဖို့ပါ။ ဒါဟာ သုက်သွေး DNAတွေကို ပျက်စီးစေနိုင်ပါတယ်”ဟု အဗန်ဒါနိုက ရှင်းပြခဲ့သည်။
ယခင် သုတေသန ရလဒ်များအရ ပေါင်ပေါ်တင်သုံးသော Laptopများမှ ထွက်ပေါ်သော အပူသည် အမျိုးသားများ၏ သုက်ပိုးများကို ထိခိုက်ပျက်စီးစေနိုင်ကြောင်း ဖော်ထုတ်တွေ့ရှိထားပြီးဖြစ်သည်။

အမေ့ထူသူများအတွက် နည်း ၅ နည်း

သော့ဘယ်မှာ ထားမိမှန်းမသိ ဖြစ်နေသလား။ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ရဲ့ နာမည်ကို မေ့နေသလား။ အမေ့ထူလွန်းလို့ စိတ်ညစ်နေပါသလား။  စိတ်မညစ်ပါနဲ့တော့။ မေ့တတ်တဲ့အကျင့် ပျောက်ပြီး မှတ်ဉာဏ်ကောင်းစေနိုင်တဲ့ အလွယ်နည်းတွေကို သိပ္ပံပညာရှင်တွေ ရှာဖွေတွေ့ရှိထားပါတယ်။
 

ွGoogle ကုမ္ပဏီ၏ မြင်သူ အံ့သြ ငေးမော ရမည့် လန်ဒန် ရုံးခန်းသစ်မြင်ကွင်းများ

PatheinCity News
အင်တာနက် အင်အားကြီး ကုမ္ပဏီ Google သည် ၎င်း၏ အလုပ်လုပ်ရာ ရုံးခန်းများကို ဝန်ထမ်းများ အတွက် လှပသော စိတ်ချမ်းဖြေဖွယ် ကောင်းသော သက်တောင့် သက်သာရှိစေသော စိတ်အပန်းဖြေစရာ နေရာတစ်ခု ကဲ့သို့ ရည်ရွယ်ပြီး ကမ္ဘာပေါ်ရှိ အခြားသော ကုမ္ပဏီ အဖွဲ့ အစည်းများ၏ ရုံးခန်းများနှင့် မတူအောင် ပြင်ဆင်လေ့ရှိသည်။
Google ကုမ္ပဏီ၏ ၁၂၃ ဘက်ကင်ဟမ် နန်းတော် လမ်းမ ပေါ်တွင် အသစ်ဖွင့်လှစ်လိုက်သည့် လန်ဒန် ရုံးခွဲသည်လည်း ဝန်ထမ်း ၃၀၀ အတွက် ဆန်းသစ်သော ဒီဇိုင်း နှစ်လိုဖွယ် အပြင်အဆင် နှင့် မြင်သူငေးစရာ စိတ်ကူးအိပ်မက် ထဲက နေရာများကဲ့သို့ ပြင်ဆင်ပေးထားသော ဒီဇိုင်းကုမ္ပဏီ Scott Brownrigg ၏ လက်ရာကို မြင်တွေ့ရသည်။
 

Sunday 9 September 2012

စကားကြီး(၆) ခွန်း လူ၌ထွန်း


ဗုဒ္ဓဘာသာ မြန်မာလူမျိုးတော်တော်များများ ကြားဘူးကြလိမ့်မယ် ထင်ပါတယ်။ ဗုဒ္ဓရဲ့ စကားနဲ့ ပတ်သက်တဲ့ အဆုံးအမလေး တစ်ခုပါ။
“စကား (၆) ခွန်း ၊ လူ၌ထွန်း ၊ (၄) ခွန်းကိုရှောင် ၊ (၂) ခွန်းဆောင်” တဲ့။ တချို့ကလည်း (၄) ခွန်းကိုပယ် ၊ (၂) ခွန်းထယ်” တဲ့ ။ ကာရံ ညီအောင် ညှိကြတာပါဘဲ။ အဓိပ္ပါယ်ကတော့ စကား (၆) ခွန်းမှာ (၄) ခွန်းကို မပြောနဲ့၊ အကျိုးမရှိဘူး ၊ (၂) ခွန်းသာ ပြောကြလို့ ဗုဒ္ဓဘုရားရှင် ဆိုဆုံးမခဲ့တဲ့ စကားပါ။
ဘုရားရှင်ဟာ သူကိုယ်တိုင်လည်း ဘုရားအဖြစ်သို့ ရောက်တော် မူသည့် အချိန်ကနေ ပရိနိဗ္ဗာန် ပြုသည့်တိုင်အောင် စကား (၆) ခွန်းအနက် ပယ်ရမယ့် (၄)ခွန်းကို လုံးဝမပြောခဲ့ဘဲ ကျန်တဲ့ (၂)ခွန်းကိုသာ တစ်သက်တာပတ်လုံး “ဆောင်” သွားခဲ့သူဖြစ်ပါတယ်။
ဒီ စကားကြီး (၆) ခွန်းကတော့ -
(၁) ဟုတ်မှန်ခြင်း / မဟုတ်မှန်ခြင်း (၂) အကျိုးရှိခြင်း / အကျိုးမရှိခြင်း (၃) အပြောခံရသူ နှစ်သက်ခြင်း / မနှစ်သက်ခြင်း (၃)မျိုးအပေါ်မှာ အခြေခံပါတယ်။ တွဲစပ်လိုက်တော့ – စကားတစ်ခုဟာ
(၁) ဟုတ်မှန်ခြင်းမရှိ ၊ အကျိုးလည်းမရှိ ၊ အပြောခံရသူလည်း မကြိုက်တာက တစ်ခု။
(၂) ဟုတ်မှန်ခြင်းမရှိ ၊ အကျိုးလည်းမရှိ ၊ အပြောခံသူကတော့ ကြိုက်တာက တစ်ခု။
(၃) ဟုတ်မှန်တယ် ၊ ဒါပေမယ့် အကျိုးမရှိ ၊ အပြောခံရသူလည်း မကြိုက်တာက တစ်ခု။
(၄) ဟုတ်မှန်တယ် ၊ ဒါပေမယ့် အကျိုးမရှိ ၊ အပြောခံရသူကတော့ ကြိုက်တယ်က တစ်ခု။
(၅) ဟုတ်မှန်တယ် ၊ အကျိုးလည်း ရှိတယ် ၊ အပြောခံရသူကလည်း ကြိုက်တယ်က တစ်ခု။
(၆) ဟုတ်မှန်တယ် ၊ အကျိုးလည်း ရှိတယ် ၊ အပြောခံရသူကတော့ မကြိုက်ပြန်ဘူး က တစ်ခု။
ဒီတော့ ဒီစကားလေးတွေကို ပြန်ချဲ့ကြည့်ရအောင် ။


မာနလေးတွေ လျှော့စေချင်......




“ဒို့က ကိုယ့်မာနနဲ့ ကိုယ်နေတာ…၊ ကိုယ်မှန်ရင် ဘယ်သူမှ ဂရုစိုက်စရာ မလိုဘူး…၊ ဒို့ကသူများကို ဘယ်တော့မှ   အောက်မကျို့ဘူး…၊ သူလောက်ကတော့ ပျင်းတောင်ပျင်းသေးတယ်…၊ ကိုယ်မှားတာမှ မဟုတ်ဘဲ ဘာလို့ တောင်းပန်ရမှာလဲ…၊ ဂျင်းစိမ်းနဲ့ မိတ်သလင်လို သူကျင်မှ ကိုယ်ကျင်ပဲပေါ့…၊ ဒို့က သူများကိုလည်း မဟုတ်တာမလုပ်ဘူး ကိုယ့်လာထိရင်လည်း ဘယ်တော့မှ မခံဘူး…၊ သူကရော ဘာမို့လို့လဲ…“ 
စတဲ့ စတဲ့ စကားများ အားလုံးကြားဖူးကြမှာပါ။ 
ဒီစကားလေးတွေကို ကောက်ချက်ချကြည့်လိုက်ရင် မာနလေးတွေ လွှမ်းထားတာကို တွေ့နိုင်ပါတယ်။ မာနကိုယ်စီပိုက်ထားတဲ့ အပြောလေးတွေ
 ဖြစ်နေကြပါတယ်။ တစ်ဦးနဲ့တစ်ဦးကြား ဒီလိုမာနလေးတွေ ခြားထားလေတော့ အပြိုင်အဆိုင်လေးတွေ   ဖြစ်လာပြီး ပြဿနာတွေပဲ တိုးလာနေတာကို
 တွေ့ရတတ်ပါတယ်။

ဘုရားအနေကဇာ တင်တယ်ဆိုတာ


မြန်မာဗုဒ္ဓဘာသာအများ အိမ်သစ်ပြောင်းရွှေ့တဲ့အခါပဲ
ဖြစ်ဖြစ်၊ ရုပ်ပွားဆင်းတုတော် အသစ်ဝယ်ယူ ပူဇော်လာတဲ့ အခါပဲဖြစ်ဖြစ်၊ အန္တရာယ်ကင်း ပရိတ်ပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ လုပ်တဲ့အခါပဲ ဖြစ်ဖြစ် 
ဘုရားအနေကဇာ တင်ပွဲလေးတွေကို လုပ်လေ့ရှိကြပါတယ်။ ဘယ်ကြောင့်လုပ်တယ်ဆိုတာ တိတိကျကျ မသိကြပေမယ့် တစ်ချို့က ရုပ်ပွားဆင်းတုတော် အသစ်ကို အနေကဇာတင်မှ ကိုးကွယ်ကောင်းတယ်လို့ ထင်တတ်ကြတာ ရှိသလို အနေကဇာတင်မှလည်း ဆင်းတုတော်ဟာ တံခိုးပိုကြီးတယ်လို့ ထင်တတ်တာတွေ ရှိပြန်ပါတယ်။ ဒါကြောင့်လည်း ဘုန်းကြီးတွေကို ပင့်ပြီး ဘုရားဆင်းတုတော်ကို စားပွဲခုံပေါ်မှာတင်ပြီး ပတ်ပတ်လည် ဘုန်းကြီးတွေက ၀ိုင်းပြီး အနေကဇာ တင်စေကြတာ ဖြစ်မှာပါ။ ပိုဆိုးတာက တစ်ချို့ ဒီရုပ်ပွားဆင်းတုတော်ကို ဒီလိုအနေကဇာ မတင်ရင် မကိုးကွယ်ကောင်းဘူးလို့ ထင်နေကြတဲ့အပြင် ဘုန်းကြီးတွေက ဒီဆင်းတုတော်တွေကို ကိုးကွယ်နိုင်အောင် အနေကဇာတင်ပြီး ပြုလုပ်ပေးတယ်လို့ ထင်နေတတ်တဲ့ အချက်ပဲ ဖြစ်ပါတယ်။ လွဲနေကြတာလေးတွေကို ပြောတာပါ။ ဘုန်းကြီးကပြန်ပြီး ဘုရားကိုများ တံခိုးထက်အောင် ဖန်တီးပေးရတယ်လို။ စဉ်းစားသင့်တဲ့ အလွဲလေးတစ်ခုပါ။
 

ဒီဘ၀က ပြုခဲ့တဲ့ ကုသိုလ်ကံ အကုသိုလ်ကံ နောက်ဘ၀မှာအကျိုးပေးပုံ


“ ဒီဘ၀က ပြုခဲ့တဲ့
ကုသိုလ်ကံ အကုသိုလ်ကံတွေကို ဟိုဘက်ဘ၀မှာ 
ဒီကရုပ်နာမ်
ပါမသွားဘဲနဲ့ ဘယ်ပုံဘယ်နည်း ခံစားရတယ်ဆိုတာ။ ”


“ကုသိုလ်ကံ အကုသိုလ်ကံတွေပြုတဲ့အခါ ဇောစေတနာတွေဖြစ်တယ်။ ဒီဇောစေတနာတွေက နာမ်တရားဖြစ်လို့ ပျက်သွားတာမှန်ပေမယ့် နောက်ဘ၀မှာ ကောင်းကျိုးဆိုးကျိုးဖြစ်စေမယ့် အာနိသင်သဘောတရားလေးတွေ ကျန်နေခဲ့တယ်။ ဒီစေတနာလို့ခေါ်တဲ့ ကံနဲ့ ခန္ဓာဒုက္ခမသိမှု အ၀ိဇ္ဇာ၊ ခန္ဓာအသစ်ကို လိုချင်မှု တဏှာ ဒီသုံးပါးပေါင်းမိပြီး ဘ၀အသစ်ဖြစ်အောင် ဖန်တီးလိုက်ကြတာပဲ။”


ဋီကာကျော်ကျမ်းမှာ ဘ၀သစ်ဖြစ်ပုံကို ဥပမာသုံးမျိုးပေးထားတယ်။

မီးတိုင်
တံဆိပ်တုံး
ပဲ့တင်သံ

မီးတိုင် ဥပမာ

ဖယောင်းတိုင်တစ်တိုင် မီးထွန်းထားတယ်။ နောက်တစ်တိုင်ထွန်းချင်တဲ့အခါ ပထမအတိုင်ကနေ မီးကူးယူလိုက်တယ်။ ဒီနေရာမှာ စဉ်းစားရမှာက ဒုတိယအတိုင်မှာ တောက်လောင်နေတဲ့မီးဟာ ပထမအတိုင်က ကူးလာတဲ့မီးတွေလား။ ဒုတိယအတိုင်က ဖယောင်းသားကို လောင်နေတဲ့မီးတွေလားဆိုတာပဲ
တကယ့်အမှန်က ပထမဖယောင်းတိုင်က မီးတွေဟာ ဒုတိယဖယောင်းတိုင်ကို ကူးမလာပါဘူး။ ဒါပေမယ့် ပထမဖယောင်းတိုင်က မိးနဲ့ကင်းပြီးတော့လည်း ဒုတိယဖယောင်းတိုင် မီးမတောက်နိုင်ပါဘူး။
ထို့အတူ ကျောင်းဒကာ အနာထပိဏ်ဘ၀က ရုပ်နာမ်တရားတွေဟာ နတ်ပြည်ကို တစ်ခုမှကူးမလာပါဘူး။ ဒါပေမယ့် ကျောင်းဒကာအနာထပိဏ်နဲ့ကင်းပြီးတော့လည်း နတ်ပြည့်မှာ နတ်သားလာမဖြစ်လာပါဘူး။ အကြောင်းအကျိုးဆက်သွယ်မှုလောက်ပဲရှိတယ်လို့ ယူရမှာပေါ့။


သာသနာ ကွယ်ရခြင်း အကြောင်းအရင်း








" ချစ်သား ကဿပ -
ဥပမာအားဖြင့် လောက၌ ရွှေတုငွေတု မပေါ်သေးသမျှ

ရွှေစစ်ငွေစစ်သည် မကွယ်ပျောက်နိုင်၊ရွှေတုငွေတုပေါ်သော
အခါကျမှ သာလျှင် ရွှေစစ်ငွေစစ်ကွယ်ပျောက်သကဲ့သို့
ထို့အတူလောက၌ တရားတု၊ တရားယောင်၊ တရားလက်သစ်
မပေါ်သေးသမျှ သူတော်ကောင်းတို့၏တရားစစ်တည်းဟူသော
သာသနာတော်သည် မကွယ်ပျောက်နိုင်။

တရားတု၊ တရားယောင်၊ တရားလက်သစ် ပေါ်ပေါက်
လာသော အခါကျမှသာလျှင်သူတော်ကောင်းတို့၏တရား
စစ်တည်းဟူသော သာသနာတော်သည် ကွယ်ပျောက်
ရလေတော့၏။

Saturday 8 September 2012

သင့်ကွန်ပြူတာ အတွက် ဖတ်ဖြစ်အောင်ဖတ်ပါ....



ပထမအကြိမ်ဝင်းဒိုးအတက်နှေးသည်ကို စိတ်ရှည်ရှည်စောင့်လိုက်ပါ။ ဒုတိယအကြိမ် ထပ်ဖြစ်မလာစေရန် ကွန်ပြူတာကို လုံးဝ shut down မချပါနှင့်တော့။ ၀င်းဒိုးအတက်မစောင့်ရတော့ပါ

...
စက်သုံးနေစဉ် blue screen တက်လာပါက ပြန်ကန်ချလိုက်ပါ။ တစ်ခါ မက နှစ်ခါမက တက်တက်လာပါက ကွန်ပြူတာ screen ကို သဘောင်္ဆေး အမည်းသုတ်လိုက်ပါ။ blue screen တက်လာသည်ကို မမြင်နိုင်တော့ပေ။

ဒေတာ ထည့်သွင်းမှု ချောမွေ့စေရန် Hard disk အတွင်းပိုင်းအထိ အိုကီ ဆပ်ပြာမှုန့်ဖြင့် မကြာခဏတိုက်ချွတ်ပေးပါ။ လိုအပ်ပါက အစွန်းချွတ်ဆေး နှင့် ဖားဥကျွတ်ဆေးပါ သုံးပေးပါ။

ကွန်ပြူတာ တက်မလာဘဲ အသံမြည်နေတတ်ခြင်းမှာ မန်မိုရီကတ်လွတ်ခြင်းကြောင့်ဖြစ်သည်။ စိတ်မပူပါနှင့် Super Glue သုံးပြီး နောက်ဘယ်တော့မှ လွတ်လို့မရအောင် ကပ်လိုက်ပါ။ လိုအပ်လျှင် သံနှင့်ရိုက်ပြီး သော့ခတ်ထားလိုက်ပါ။

"တော်လိုက်တာ….""


စိတ္တဇ ဆေးရုံတစ်ခု ဟာလူနာတွေကိုလေယာဉ်နဲ့ တင်ဆောင်လာပြီးတော့ အခြားဆေးရုံတစ်ခုကို ပြောင်းပါတယ်။

ဆရာဝန်ကတော့လေယာဉ်မှုးဘေးမှာထိုင်နေပါတယ်။


အဲဒီမှာ လေယာဉ်ထဲ ကနေ အသံတွေကိုဆူညံနေအောင်ကြားရပါတယ်။

ဆရာဝန်က အရူးခေါင်းဆောင်ကိုဘဲလ် နှိပ်ပြီးလှမ်းခေါ်လိုက်တယ်။

"ဘာလုပ်နေကြတာလဲ..ဆူညံနေတာပဲ"

"ဘောလုံးကန်နေကြတာပါ ဆရာ"

"ဟာ…..လေယာဉ်ပေါ်မှာဘောလုံးမကန်ရဘူး ဆိုတာမသိဘူးလား..သွားစမ်း"

"ဟုတ်ကဲ့ပါဆရာ"

အရူးခေါင်းဆောင်ထွက်သွားလေသည်။ ခဏနေ တော့ဘာသံမှ မကြားရတော့။

ဆရာဝန်သည်သဘောကျသွားသည်။ ဘဲလ် နှိပ်ပြီး အရူးခေါင်ဆောင်ကိုလှမ်းခေါ်လိုက်သည်။

"မင်းဘယ်လိုထိန်းလိုက်တာလဲ…တိတ်ဆိတ်သွားတာပဲ"

"ဆရာဘဲ လေယာဉ်ပေါ်မှာဘောလုံးမကန်ရဘူးဆို…..အဲဒါနဲ့ ကျွှန်တော်လည်း လေယာဉ် တခါးပေါက်ကိုဖွင့်ပေးလိုက်တ

အခုသူတို့ အကုန်အောက်ဆင်းပြီးဘောလုံးကန်နေကြပြီ "---

--------------------ဟီးဟီး

ရီမောပျော်ရွှင်ပါစေ....

နတ်ရှင်နောင်



တခါတုန်းက ပညာရေးဌာနက စစ်ဆေးရေးအရာရှိတယောက်ဟာ နယ်မြို့လေးတစ်မြို့က

စာသင်ကျောင်းတကျောင်းကို စစ်ဆေးရင်း ကျောင်းသားလေး တယောက်ကို မေးလိုက်ပါတယ်။


"နတ်ရှင်နောင်ကို ဘယ်သူ သတ်သလဲကွ"

ကျောင်းသားလေးဟာ တော်တော်လေး ကြောက်ရွံ့သွားပါတယ်။

အသံတွေတုန်ပြီး… "ကျ ကျနော်မသတ်ဘူး" တဲ့။

ပညာရေးအရာရှိဟာ ကလေးရဲ့ ပညာရေးအခြေအနေအပေါ် အတော်လေး မကျေမနပ်ဖြစ်သွားပြီး

အတန်းပိုင် ဆရာမကို လှည့်ကြည့်လိုက်တယ်။ အတန်းပိုင် ဆရာမလည်း ကမန်းကတမ်းနဲ့

ကျောင်းသားလေးအတွက် စိတ်ပူပြီး ကျောင်းသားလေးဖက်က ကာကွယ်ပြီး ပြောလိုက်တာက-

"ဒီကျောင်းသားလေးဟာ အတန်းထဲမှာ သိပ်အေးပါတယ်ဆရာ။ ကျောင်းသားတွေအချင်းချင်းတောင် ရန်ဖြစ်တာ မရှိပါဘူး။

သူသတ်တာတော့မဟုတ်နိုင်ဘူးထင်ပါတယ်ရှင်" တဲ့။


စစ်ဆေးရေး အရာရှိလည်း ဘာမှ ဆက်မပြောတော့ပဲ မျက်စိမျက်နှာပျက်ပြီးပြန်သွားပါတယ်။

နောက်တော့ဖြစ်ကြောင်း ကုန်စင်ကို ပညာရေးဝန်ကြီးဌာနဆီစာသင်လိုက်သတဲ့။

ဒီလိုနဲ့ မကြာခင် ၀န်ကြီးဌာနက အခုလို စာပြန်လာပါတော့တယ်။

"နတ်ရှင်နောင် သေတာလည်းကြာပါပြီ။ နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေလုပ်မနေပါနဲ့တော့" တဲ့ဗျာ။*....

အပေါင်းအသင်းမကောင်းလို့




ကိုလှ အရက်သောက်လာသောကြောင့်သူ့မိန်းမက ထုံးစံအတိုင်းဆူပူသည်။

မိန်းမ- ကိုလှ ရှင် ဒီအရည်တွေသောက်လာပြန်ပြီလား။ ဒီတစ်ခေါက်သောက်ရတဲ့အကြောင်းအရင်းကိုပြောပါဦး။

ကိုလှ- အပေါင်းအသင်းမကောင်းလို့ပါကွာ။

မိန်းမ- ဘယ်သူတွေနဲ့သောက်လို့ဒီလောက်တောင်မူးပြီးလူမှန်းသူမှန်းမသိဖြစ်နေတာတုန်း။

ကိုလှ- ကိုမြ နဲ့ ကိုဘ လေကွယ်။

မိန်းမ- ရှင် မူးမူး ရူးရူး နဲ့လျှောက်မပြောနဲ့။ အဲဒီနှစ်ယောက်က အရက်မှမသောက်တတ်တာ။

ကိုလှ- အေးလေ။ သူတို့ မသောက်တော့ ငါချည်းပဲ သောက်နေရလို့ဒီလောက်မူးတာပေါ့ကွ။

...အဲဒါအပေါင်းအသင်းမကောင်းတာပေါ့ကွ။ ဒီလောက်ပိန်းရလား။...

ရီမောပျော်ရွှင်ပါစေ....

ကလေး အတွေး



ကျောင်းသားလေးတစ်ယောက်ကို သူ.အမေက ကျောင်းလာအပ်တယ် ... သူ.သားက အရမ်းတော်လွန်း၊ ဥာဏ်ထက်လွန်းလို့

သူငယ်တန်းကနေ စမတက်ဘဲ သုံးတန်းကနေ ထားပေးပါလို့ တောင်းဆိုတယ်တဲ့ ... အဲဒါနဲ့ကျောင်းအုပ်ဆရာကြီးကလည်း စာမေးတာပေါ့ ...


ကျောင်းအုပ်။ ။ ငါး .. ငါးလီ ...

ကလေး ။ ။ နှစ်ဆယ့်ငါး

ကျောင်းအုပ်။ ။ သုံး .. သုံးလီ ..

ကလေး ။ ။ ကိုး

ကျောင်းအုပ်။ ။ ကိုး ... ကိုးလီ ..

ကလေး ။ ။ ရှစ်ဆယ့်တစ်

ကျောင်းအုပ်။ ။ တော်လိုက်တဲ့ ကလေး .. ကဲ .. သွားကွာ .. သုံးတန်း ...

ဒါပေမဲ့ .. သုံးတန်းဆရာမက ကဲ ဒီအတိုင်းတော့ မရဘူး ... ငါလဲ မေးဦးမယ်ဆိုပြီး စစ်ပါလေရောတဲ့ ....

ဆရာမ။ ။ သားလေး ... ဆရာမတို့မှာ နှစ်ခု ပဲ ရှိတယ် ... နွားမှာ လေးခု ရှိတယ် .. အဲဒါ ဘာလဲ ....

ကလေး။ ။ ခြေထောက်ပေါ့ ချာမရဲ့ ....

ဆရာမ။ ။ ဒါဆို သားလေးရဲ. အောက်မှာ နှစ်ခု ရှိတယ် ... ဆရာမဆီမှာ တစ်ခုမှ မရှိဘူး ... အဲဒါရောဘာလဲ ...

ကလေး။ ။ အိပ်ကပ်ပေါ့ .. ချာမဆီမှာ ရှိမှ မရှိတာ .. သားသားမှာ နှစ်ခု ..

ဆရာမ။ ။ ဟားးးးးး ... တယ်တော်တဲ့ ကလေးလေးပဲ .. အိုကေ .. သား သုံးတန်းမှာ .. တက်ခွင့်ရသွားပြီ ...

ကျောင်းအုပ်။ ။ နေ .. နေ ပါအုံး .. ဆရာမရယ် ... ဒီကလေးကို ငါးတန်းပဲ ပို့လိုက်ပါ .. ကျွန်တော် တွေးတာနဲ့သူဖြေတာ တစ်ခြားဆီပဲ ....တဲ့.... :P

ရီမောပျော်ရွှင်ပါစေ...

ပြချင်လို့........



စုတ်ပြတ် နုံချာနေသော အ၀တ်အစားဝတ် လူတစ်ဦးသည်

လမ်းသွားလမ်းလာတို့ထံမှ ပိုက်ဆံတောင်းနေသည်။


သားနားခန့်ညားစွာ ၀တ်ထားသောလူတစ်ဦး လမ်းလျှောက်လာသည်။

“နောင်ကြီးရယ်၊ စားစရာမရှိလို့ပါ၊ စေတနာရှိသမျှ မ,စပါခင်ဗျာ"

“မပေးနိုင်ဘူး၊ မင်းကို ငါးဒေါ်လာလောက် ပေးကြည့်၊

ချက်ချင်းအရက်သောက်ပစ်မှာ မဟုတ်လား”

“ကျွန်တော်အရက်မသောက်တတ်ပါဘူး ခင်ဗျာ”

“မသောက်လည်း မင်း…ဖဲကစားပစ်မှာပေါ့”

“ကျွန်တော် အလောင်းအစား မလုပ်တတ်ပါဘူး ခင်ဗျာ”

“အို…ဒါ မဟုတ်လည်း မကောင်းတဲ့မိန်းမဆီ မင်းသွားမှာပေါ့”
 
“ဒါလည်းဝါသနာ မပါပါဘူးခင်ဗျာ...”

လူကြီးသည် သူတောင်းစားကိုခြေဆုံးခေါင်းဆုံးကြည့်ပြီး……

“OK…မင်းကိုငါ ငါးဒေါ်လာပေးမယ်… ဒါပေမဲ့ မင်းငါအိမ်ကို ခဏလိုက်ခဲ့ရမယ် ဘာအပျော်အပါးမှမလိုက်စားတဲ့ယောက်ျားတွေ

ဘယ်လိုဖြစ်တတ်တယ်ဆိုတာ.ငါ့မိန်းမ.....ကိုမြင်အောင်ပြချင်လို့"......တဲ့.....

ရီမောပျော်ရွှင်ပါစေ

##အမြဲတမ်း ကံမကောင်းသူ##




လေယာဉ်စီးခရီးသည် ဘေးနားက ထိုင်နေသူုကို ပြောသည်။

"ကျွန်တော် အမြဲတမ်းကံမကောင်းဘူး၊ တစ်ခုခု ဖြစ်တာချည်းပဲ"


ဤအချိန်တွင် လေယာဉ်မယ်ဝင်လာကာ လေယာဉ်သည် ပင်လယ်ထဲသို့  ထိုးကျလိမ့်မည်ဖြစ်ကြောင်း ကြေငြာသည်။

"သွေးရူးသွေးတန်း မဖြစ်ကြပါနဲ့ ၊ခရီးသည်အားလုံးကို ငါးမန်းတွေကို ခြောက်လှန့် ဖို့ အတွက် ဝီစီ(whistle) တစ်ခုစီ ပေးပါမယ.်"

"ကျွန်တော်ကတော့ ကံကောင်းတဲ့လူမဟုတ်ဘူး။ ကြည့်နေပါ အပေါက်မပါတဲ့ ဝီစီကိုရချင်ရ။ ဒါမှမဟုတ် ငါးမန်းဟာ နားပင်းတဲ့အကောင် ဖြစ်ချင်ဖြစ်နေမယ်။"...တဲ့

ရီမောပျော်ရွှင်ပါစေ....

... စားချင်အုန်း....




ကိုအောင်မောင်းတစ်ယောက် စပိန် နိုင်ငံမှ နွားရိုင်းသတ်ပွဲတစ်ခုသို့
ဝင်ရောက်ကြည့်ရှူပြီး အနီးမှစားသောက်ဆိုင်သို့ဝင်လိုက်သည်…
`ဟိုဘေးဝိုင်းက စားနေတာဘာလဲ´
`အဲ့ဒါ နွားရိုင်းသတ်ပွဲက သေသွားတဲ့ နွားရဲ့ fighting ball ပါခင်ဗျ၊
ကျွန်တော်တို့ ဆိုင်ရဲ့ အကောင်းဆုံးအစားအစာပါ´
... `င့ါကို တစ်ပွဲပေးကွာ´
`ဆောရီးပါဆရာ နွားရိုင်းသတ်ပွဲက တစ်နေ့မှာ တစ်ပွဲပဲကျင်းပတာဆိုတော့ နွားက
တစ်ကောင်ပဲသေပါတယ်… တုံကင်လေး ယူသွားပြီး နောက်တစ်ပတ်
ကြာမှပြန်လာပေးပါခင်ဗျ´
ချိန်းဆိုထားသောရက်ရောက်သောအခါ…….
ဆိုင်ရဲ့အကောင်းဆုံးအစားအစာ fighting ball ကိုစားပြီး …
`ပိုက်ဆံရှင်းမယ်´
`ဟုတ် ကဲ့ လာပြီခင်ဗျ´
‘ ဟိုနေ့က ဘေးနားကလူစားတုန်းက အလုံးနှစ်လုံးက တော်တော်ကြီးပါတယ်
ဒီနေ့ကျမှ ဘာဖြစ်လို့ စပျစ်သီးသာသာပဲရှိတာလဲ´
`ဒီနေ့နွားရိုင်းသတ်ပွဲမှာ နွားကနိုင်ပြီး လူကသေသွားလို့ပါ´
..`လူ-လူ-လူကသေ ဘာာာာာာာ ´...

..ရီမောပျော်ရွှင်ပါစေ...

အရက်သောက်ရင်












 













ဓါတုဗေဒဆရာက....သူ၏ကျောင်းသားများအားအရက်သောက်ခြင်းရဲ့ဆိုးကျိုးတွေကိုလက်တွေ့စမ်းသပ်မှုတခုလုပ်ပြတယ်။

သူက အရက်တခွက်.....ရေတခွက်...နဲ့...သန်ကောင်နှစ်ကောင်ယူလာတယ်...


" 'ကဲ တပည့်တို့ဒီသန်ကောင်နှစ်ကောင်ကို..အသေအချာကြည့်ထားနော်.".ဟုပြောပီး ရေခွက်ထဲကိုတစ်ကောင်..

အရက်ခွက်ထဲကိုတစ်ကောင်ထည့်လိုက်တယ်။

ရေခွက်ထဲကသန်ကောင်က....ဂျွမ်းထိုးကခုန်ပီး....ပျော်ရွှင်နေတယ်။

အရက်ခွက်ထဲကသန်ကောင်ကတော့..တွန့်လိမ်ကောက်ကွေးပီး...ခဏနေတော့..ငြိမ်သက်သေဆုံးသွားတယ်။

"ကဲ တပည့်တို့တွေ့ကြတယ်မဟုတ်လား။ဒီစမ်းသပ်မှူကိုကြည့်ပီးဘယ်လိုသင်ခန်းစာယူနိုင်လဲ" ဟု ဆရာကတပည့်တွေကိုမေးတယ်။

မောင်အောင်မော်က လက်ထောင်ပီး ထဖြေတယ်။

" အရက်သောက်တဲ့သူတွေမှာသန်ကောင်မရှိနိုင်ပါဖူး ဆရာ "....တဲ့ တိန်

ရီမောပျော်ရွှင်ပါစေ...

ဗုဒ္ဒဘာသာနဲ့ပတ်သတ်တဲ့မှတ်သားစရာအချို့...



ဘီစီ-၆၂၃ ဘုရားရှင်မွေးဖွါးသည်၊၊(နီပေါ...နိုင်ငံ..=မဇ္ဈိမဒေသ.)

ဘီစီ-၅၈၈ ဘုရားအလောင်းသဗ္ဗညုတဥာဏ်ကိုရတော်မူသည်၊၊

ဘီစီ-၅၆၀-၄၈၀ ဗုဒ္ဓဂေါတမသက်တော်ထင်ရှားပွင့်တော်မူသည်၊၊

ဘီစီ-၅၄၄ ဘုရားရှင်ပရိနိဗ္ဗန်ပြုတော်မူသည်၊၊

ဘီစီ-၂၄၆ သိရိလင်္ကာနိုင်ငံသို့ရောက်သည်၊၊

.....................................................

အေဒိ-၆၇-၂၁၇ တရုပ်ပြည်သို့ဗုဒ္ဓဘာသာရောက်သည်၊၊

အေဒီ-၁၅၀ နာဂဇုန (မဟာယန အဘိဓမ္မာပညာရှင်ကြိး)ပေါ်ထွန်းသည်၊၊

အေဒီ-၃၂၇ ကိုးရီယားသို့ဗုဒ္ဓဝါဒရောက်သည်၊၊

အေဒီ-၄၂၀ အရှင်ဗုဒ္ဓယောသမထေရ်(ထေရဝါဒအဌကထာဆရာ)ပေါ်ထွန်းသည်၊၊

အေဒီ-၄၃၀ အိန္ဒိယနိုင်ငံ၊ နာလန္ဒာတက္ကသိုလ်ကြီးကို တည်ထောင်သည်၊၊

အေဒီ-၃၉၉ ဖာဟီယန်ရဟန်းတော်သည် ပိဋကတ်တော်များကို တရုတ်ဘာသာသို့ပြန်ဆိုသည်၊၊

အေဒီ-၄၀၀-၅၀၀ မြန်မာ၊ ကမ္ဘောဒှယား၊ ဗီယက်နာမ်၊ အင်ဒိုနီးရှားနိုင်ငံများသို့ ဗုဒ္ဓဝါဒရောက်ရှိသည်၊၊

အေဒီ-၅၂၀ ဗောဓိဓမ္မမထေရ် တရုတ်ပြည်မှာ ဇပ်ဂိုဏ်းတည်ထောင်သည်၊၊

အေဒီ-၅၂၂ ဂျပန်ပြည်သို့ဗုဒ္ဓဝါဒရောက်သည်၊၊

အေဒီ-၆၃၉ တိဘက်ပြည်သို့ဗုဒ္ဓဝါဒရောက်သည်၊၊

အေဒီ-၆၀၀-၇၀၀၀ ထိုင်းနိုင်ငံသို့ဗုဒ္ဓဝါဒရောက်သည်၊၊

အရှင်နန္ဒသာရ(သစ္စာရောင်ခြည်) စုဆောင်းတင်ပြသည်၊၊Ref: အိန္ဒိယ၊

မဇ္ဈိမဒေသစာအုပ်၊၊ S.K Dhammananda

ချက်ပြုတ် ရာမှာ ပန်းဂေါ်ဖီစိမ်းရဲ့ အာနိသင် မပျက် ပျယ်စေဖို့





ပန်းဂေါ်ဖီစိမ်း (Broccoli)က ကင်ဆာကို ကာကွယ် ရာမှာနှင့် တိုက် ဖျက်ရာမှာ အစွမ်း ထက်မြက်ကြောင်း လူသိ များပါတယ်။ အဲသလိုပဲ သင် လည်း သိထားမယ်။ သို့ပေမယ့် ဒီ စူပါ အစားအစာကို ဘယ်လို ပြင်ဆင် ချက်ပြုတ် သလဲ ဆိုတာကလည်း အရေး ကြီးတယ်။

မြန်မာပြည်မှ ကမ္ဘာ့အမြင့်ဆုံး မြင်းခုံတံတား (ဂုတ်ထိပ်)




ဂုတ်ထိပ်တံတား (Goteik viaduct) အမည်ရ တောင်ကြားဖြတ် မီးရထား သံလမ်း တံတား ရဲ့ တည်နေရာကတော့ ရှမ်းပြည်နယ် အနောက်ပိုင်း နောင်ချိုမြို့အနီးမှာ ဖြစ်ပါတယ်။

အတိအကျအားဖြင့် မန္တလေး-လားရှိုးလမ်း၊ နောင်ချိုဘူတာအလွန် ၇မိုင်အကွာတွင် တည်ရှိပါတယ်။ ပြင်ဦးလွင် နဲ့ လားရှိုး မြို့နှစ်ခုကြားက တံတားလို့လည်း နိုင်ငံခြားသားများက အလွယ်မှတ်ထားပါတယ်။

မြင်းခုံတံတားဆိုလို မြင်းတွေခုံတယ်လို့ ဘာသာပြန်ရန်မဟုတ်ပါ။ The world largest trestle လို့ အသိမှတ်ပြုထားတဲ့ တံတာဖြစ်ပြီး Trestle ဆိုတာ စတီး၊ သံမဏိ၊ သံချောင်းများဖြင့် ထောက်ခံထားသော တံတားလို့ လွယ်လွယ်ကူကူ ဘာသာပြန်နိုင်ပါတယ်။ မြန်မာအခေါ် ကတော့ မြင်းခုံ ဖြစ်ပါတယ်။


တွေးရယ်စရာ အွန်လိုင်းပေါ်ကကာတွန့် များ










တွေးရယ်စရာ အွန်လိုင်းပေါ်ကကာတွန့် များ







ဖုန်းနှစ်လုံးနဲ့ ဥတစ်လုံး ( အရေးကြီးပါတယ် )


 
 
 
 
 


အခုပြောမယ့်အကြောင်းအရာလေးကို ပေါ့ပေါ့ဆဆမတွေးပဲ သေချာ တွေးစေချင်ပါတယ် ။ ပြီးရင် ကိုယ်နဲ့ နီးစပ်ရာတွေကိုလည်း ပြန်လည်ဖြန့်ဝေပေးစေချင်ပါတယ် ။ အရင်ဆုံး စမ်းသပ်ချက်လေးတစ်ခုကို ပြောဖို့လိုပါတယ် ။ စမ်းသပ်ချက်ပြုလုပ်ဖို့အတွက် သင့်ဆီမှာ မိုဘိုင်းဖုန်း ၂ လုံးနဲ့ ကြက်ဥ သို့မဟုတ် ဘဲဥ တစ်လုံးရှိရပါမယ် ။



ပုံမှာပြထားတဲ့အတိုင်း ဖုန်းနှစ်လုံးအလယ်မှာ ဥ ကိုထားပြီး နေရာချထားလိုက်ပြီး ကျွန်တော်တို့ ဘာတွေဆက်ဖြစ်သလဲဆိုတာ လေ့လာကြည့်ကြရအောင် ။

ကဲ နေရာချထားပြီးပြီဆိုရင်တော့ ဖုန်းနှစ်လုံးကို ဆက်သွယ်မှု ( Call ) ကို စတင်လိုက်ပါ ပြီးရင် ၆၅ မိနစ်အထိ ထားပါမယ် ။ ပထမဆုံး ၁၅ မိနစ်မှာတော့ ဘာမှမဖြစ်သေးပါဘူး ။ ၂၅ မိနစ်လောက်ကြာပြီးတဲ့အခါမှာတော့ ဥ ဟာ ပူစပြုလာပါပြီ ။



ဝိုးးးးးးးး ၄၅ မိနစ်လောက်ရှိလာပြီဖြစ်တဲ့အခါ ဥ ဟာ အရမ်းကို ပူလာပါပြီ ။ သင်ဟာ ၆၅ မိနစ်အထိ ထားမယ်ဆိုရင်တော့ ဥဟာ စားသုံးလို့ရအောင်ကို ကျက်သွားပြီဖြစ်ပါတယ် ။

ကဲ သင်ဘာတွေ မြင်လိုက်ရသလဲ သင်ဘာတွေတွေးမိလိုက်ပါသလဲ ။ မိုဘိုင်းဖုန်းတွေရဲ့ radiation အသံလှိုင်းတွေက အချိန်အမှတ်တစ်ခုရောက်ပြီဆိုရင် ဥထဲက ပရိုတိန်း တွေကို ကျက်သွားစေနိုင်ပါတယ် ။ ကဲ ဒါဆိုရင် ပရိုတိန်းတွေနဲ့ ဖွဲ့စည်းထားတဲ့ သင့်ဦးနှောက်ကို ကပ်ပြီး ၄၅ မိနစ်ကျော်ကျော်လောက်ဖုန်းပြောရင် ဘာတွေဖြစ်နိုင်ပါသလဲ ။

အလွန်ကို အန္တရာယ်များပါတယ် ။ Nerve လို့ခေါ်တဲ့ အာရုံကြောတွေ ပျက်ဆီးနိုင်သလို မှတ်ဥာဏ်ပိုင်းဆိုရင်ရာ စနစ်တွေဟာလည်း radiation တွေကြောင့် ထိခိုက်နိုင်ပါတယ် ။ ဒါ့အပြင် ဒီမိုဘိုင်းဖုန်းတွေကထုတ်တဲ့ အသံလှိုင်းတွေဟာ လိပ်ပြာတွေကို သေစေနိုင်ပါသတဲ့ ။ ကဲ ကျွန်တော်တို့အားလုံး ဖုန်းပြောမှု ကြာချိန်ကို လျော့ချကြရအောင်လား ။ တတ်နိုင်သမျှ လိုအပ်သလောက်ပဲပြောဆိုကြပါစို့ ။ ဒီ မက်ဆေ့လေးကိုလည်း သင်ချစ်သော သူငယ်ချင်း နဲ့ ညီအကို မောင်နှမများကို ဝေမျှပေးလိုက်ပါ ။

ဘုရားရှင်တို့ မည်သည်....














ဘုရားရှင်တို့မည်သည်'"ငါ့တန်ခိုးဖြင့် သင့်ဆိုးကျိုးကို ငရဲဘုံသို့တိုးမိအောင်
ပစ်ချနိုင်စွမ်းရှိသည်"ဟူသော လူပြိန်းကြောက်တရားမျိုး ကိုဘယ်သောအခါ
မှ မဟောခဲ့ချေ။
ဒီသဘောတရားကို ဂါမဏိမည်သော ရွာသူကြီးနဲ့ ဘုရားရှင်တို့ အမေးအဖြေ
အားဖြင့် ဥဒါဟရုဏ်ဆောင်ထားပါတယ်။ ဂါမဏိကဘုရားရှင်ကို ဒီလိုမေးခဲ့ပါ
တယ်။
အခြား ဘုရားအမည်ခံတွေက....
၁။ ငရဲရောက်နေသူကို လူ့ဘ၀၊ နတ်ဘ၀ တင်ပို့နိုင်စွမ်းရှိသည်။
၂။ သေသူကိုလည်း အသက်ပြန်ရှင်လာအောင် ဖန်ဆင်းပေးနိုင်သည်ဆို၏။
ဘုရားရှင်ကော သည်လိုစွမ်းနိုင်ပါသလား။
ဘုရားရှင်အဖြေကား အလွန်းလေးလံတဲ့ ကျောက်ဖျာကြီးကို ရေထဲပစ်ချ၊
ကမ်းနဖူးမှနေ၍ ”အို...ကျောက်ဖျာကြီး ရေပေါ်တက်လော့“ဟု အမိန့်ပေး
တိုင်း ပြန်မတက်နိုင်သလိုပဲ သူ့စေတနာ ၊ သူ့အကုသိုလ်ကံကြောင့် ကြီးလေး
တဲ့ ပြစ်မှုကြီးများ လွန်ကျူးထားသူကို ငရဲကျရာမှ နတ်ပြည်၊ လူ့ပြည်ထက်
သာအောင် ဘယ်သူ၊ ဘယ်နတ်၊ ဘယ်ဗြဟ္မာ မှမတက်နိုင်။
အဲဒီလိုပဲ ထောပတ်အိုးကြီး ရေထဲပစ်ချ၊ အိုးကြီးရေအောက်ရောက်သွား
သော်လည်း ထောပတ်ဆီတို့ကား ရေပြင်ပေါ် ဝေ့တက်လာတဲ့အခါ
ထောပတ်ဆီတွေ ရေထဲငုပ်စေလို့ ဘယ်သူအမိန့်ပေးပေး ထောပတ်ဆီ ရေ
မှာမမြုပ်သကဲ့သို့ သူ့စေတနာ၊ သူ့အကုသိုလ် ကံအရ လူ့ဘ၀၊ နတ်ဘဝ
ရနေသူများကိုလည်းပဲ ငရဲ၊ တိရစ္ဆာန် စတဲ့ အောက်နိမ့် ဘ၀ ရောက်သွား
အောင် ဘယ်သူ၊ ဘယ်နတ်၊ ဘယ်ဗြဟ္မာမှ မတားဆီးနိုင်ဘူးလို့ ဟောပြ
သွန်သင်ပါတယ်။
ဒါကြောင့်( ကျေးဇူးရှင် မဟာဗောဓိမြိုင်ဆရာတော်) ဘုရားကြီးက....
၁။ ဘ၀ဆိုး မကျရောက်မိရန်၊ မိမိ၏ စေတနာဆိုးဖြင့် တစ်ဖက်၏ အကျိုး
ထိခိုက်ပျက်ပြားစေမှု မပြုကျင့်မိရန် မိမိစိတ် မိမိထိန်းသိမ်းခြင်းဖြင့်
မိမိကိုယ်မိမိ ကယ်တင်ခြင်းသည် လည်းကောင်း၊
၂။ ဘ၀ကောင်း လက်ရမိရန်၊ မိမိရှိ စေတနာကောင်းဖြင့် တစ်ဖက်၏ကောင်း
ကျိုး သယ်ပိုးပေးတတ်ရန် မိမိစိတ် မိမိနှိုးဆော်ခြင်းဖြင့် မိမိကိုယ်မိမိကယ်
တင်ခြင်းသည် လည်းကောင်း ၊ကိုယ်ကိုယ်တိုင်သာ တတ်စွမ်းနိုင်ချေရာ
မိမိသည်သာ မိမိ၏ ကယ်တင်ရှင်ဖြစ်ကြောင်း ကောင်းကောင်းကြီး
သဘောပေါက်ပါလေ၊။
ထို့ကြောင့်.....
သူ့တစ်ကိုယ်ကောင်းမဖျက်ဆီးမိရန် သီလဖြင့် ထိန်းသိမ်းပါ။
သူ့တစ်ကိုယ်ကောင်းအားပေးရန် ဒါနဖြင့် တည်ဆောက်ပါ။
မိမိစိတ် သန့်ပြန့်စင်ကြယ်ရန် သရဏဂုံဖြင့်ဆေးကြောပေးပါ။
ဟု ဆုံးမလမ်းညွှန်တော်မှုထားပါသည်။

ကျေးဇူးရှင် မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး

မကျေနပ်မှုများကို သမ္မတရုံးဝက်ဆိုက်မှတဆင့် အွန်လိုင်းဖြင့် တိုင်ကြားနိုင်ပြီ

မကျေနပ်မှုများကို သမ္မတရုံးဝက်ဆိုက်မှတဆင့် အွန်လိုင်းဖြင့် တိုင်ကြားနိုင်ပြီ
from Thit Htoo Lwin by သစ်ထူးလွင်
စက်တင်ဘာ ၇၊ ၂၀၁၂၊ YPI

နိုင်ငံတော် သမ္မတရုံး၏ အင်တာနက်စာမျက်နှာကို ပုံစံအသစ်ဖြင့် ယနေ့ပြန်လည် ဖေါ်ပြလိုက်ရာတွင် ပြည်သူ့အသံဟူသည့် ပြည်သူများ မကျေနပ်ချက်ကို နိုင်ငံတော် သမ္မတထံ အင်တာနက် အွန်လိုင်းမှတဆင့် တင်ပြတိုင်ကြားနိုင်ပြီဖြစ်သည်။

ပြည်သူ့အသံ ဟအမည်ပေးထားသည့် ကဏ္ဍတွင် တိုင်ကြားမည့်သူအနေဖြင့် အမည်၊ နေရပ်လိပ်စာ၊ မှတ်ပုံတင်အမှတ်နှင့် နေရပ်လိပ်စာကိုပါ တိုင်ကြားစာနှင့် အတူဖြည့်သွင်းရမည်ဖြစ်သည်။

ယခုအခါ လယ်မြေသိမ်းခံရသည့် ကိစ္စ၊ အလုပ်သမား အရေးကိစ္စ၊ မီဒီယာ လွတ်လပ်ခွင့်ကိစ္စအစရှိသည်တို့ကို သမ္မတဦးသိန်းစိန် ထံတင်ပြလိုသည့်အခါ စာဖြင့်ပေးပို့ကြသည်ဟု သိရသည်။ ယခုဝက်ဆိုက်မှ တဆင့်ပေးပို့နိုင်ပြီဖြစ်သဖြင့် ပိုမိုလွယ်ကူလာမည်ဖြစ်သည်။

လပိုင်းအနည်းငယ်ကြာက စတင်လွှင့်တင်ခဲ့သည့် အစမ်းဝက်ဆိုက်ကို တရားဝင်ဗားရှင်ဖြင့် ယနေ့အစားထိုး ဖေါ်ပြလိုက်သည့်အခါ ယခုကဲ့သို့ ပြည်သူ့အသံ ပေးပို့စာ ကဏ္ဍကိုတွေ့ရှိရခြင်း ဖြစ်သည်။

နိုင်ငံတော် သမ္မတရုံး ၀က်ဆိုက်မှ သမ္မတရုံးနှင့် ပတ်သက်သည့် သတင်းများကို အစိုးရ ပြန်ကြားရေး ၀န်ကြီးဋ္ဌာနမှ ထုတ်ပြန်သည်ထက် စောလျင်စွာ ဖေါ်ပြသဖြင့် လအနည်းငယ်အတွင်း လူသိများလာသည်ကိုတွေ့ရသည်။

ယင်းဝက်ဆိုက်လိပ်စာမှာ http://www.president-office.gov.mm/contact ဖြစ်သည်။

by Yangon Press International

http://feeds.feedburner.com/thithtoolwin/yIWV

from Thit Htoo Lwin by သစ်ထူးလွင် မှကူးယူတင်ပြသည်။

တောင်တွင်းကြီးမြို့ တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ကားလမ်း၊ရထားလမ်းတချို့ ပျက်စီး


မကွေးတိုင်း ဒေသကြီး တောင်တွင်းကြီး မြို့ နယ်တွင်း စက်တင်ဘာလ ၄ ရက်နေ့ မှ ၇ ရက်နေ့ အထိ နေ့ စဉ် မိုး ဆက်တိုက် ရွာသွန်းမှု ကြောင့် မီးရထားလမ်းနှင့် ကားလမ်းတချို့ ရေတိုက်စားခံရပြီး ပျက်စီးခဲ့ကြောင့် Myanmar News Now မှ စုံစမ်းသိရှိရပါတယ်။

အဆိုပါ မိုးရွာသွန်းမှုကြောင့် စက်တင်ဘာလ ၆ ရက်နေ့ နံနက် ၇ နာရီအချိန်က နေပြည်တော်-အောင်လံ-ပြည် မီးရထားလမ်းပိုင်း ပရပ်ကြယ်ဘူတာနှင့် သက္ကယ်ကျင်း ဘူတာ အကြား မိုင်တိုင် အမှတ် ၂၃၈/၁၈/၁၉  အကြား တံတားအမှတ် ၃၂၅ တောင်ငူချောင်းကူး တံတားမှာ ရေတိုက်စားမှု ကြောင့် ပျက်စီးသွားပြီ ရထားလမ်း ခတ္တပိတ်ထားခဲ့ ကြောင်းသိရပါတယ်။

ပျက်စီးသွားတဲ့ လမ်းပိုင်ကို မြန်မာ့မီးရထားမှ ဦးသန်းစိုး ဦးစီးပြီး လမ်းလုပ်သား ၂၁ ဦးနဲ့ ပြင်ဆင်နေပါတယ်။ ရထားလမ်းပြန်လည် ကောင်းမွန်ပါက ရထားများ ပုံမှန်ပြန်လည်ထွက်ခွါ နိုင်မှာ ဖြစ်ကြောင်း လမ်းလုပ်သားတွေက ပြောပါတယ်။

အလားတူ စက်တင်ဘာလ ၆ ရက်နေ့ ညပိုင်း က မိုးရွာသွန်းမှုကြောင့် ကြက်လျှာကျေးရွာ အုပ်စု ရေပြည့်ကျေးရွာ အနီး ဆင်ပေါင်ဝဲ ရိုးမပတ်လမ်း မိုင်တိုင်အမှတ် ၂၄၁/၁ နှင့် ၂၄၁/၂ အကြားရှိ ရေပြည့်-ရေကျော် ကားလမ်းမှာ ရေတိုက်စားမှုကြောင့် ပျက်စီးခဲ့ပါတယ်။

အဲဒီလမ်းကို ဖြတ်ကူးဖို့ လူနဲ့ သယ်ဆောင်ခ ဆိုင်ကယ်တဦး ကျပ်၃၀၀၀ ၊ လူတဦး ကျပ် ၃၀၀၀ ၊ ပီနံအိတ်တစ်လုံး ကျပ် ၃၀၀၀ အသီးသီး လုပ်အားခပေးဆောင်၍ ရေလမ်းကို ဖြတ်ကူးနေ ကြပါတယ်။ ရေပြန်မကျသေး၍ ပျက်စီးဆုံးရှုံးမှု တန်းဖိုးများအား မတွက်ရသေးကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒါအပြင် တောင်တွင်းကြီးမြို့ တောင်ပြင် ၂ ရပ်ကွက်ရှိ လူနေအိမ် ၂၀၀ နီးပါးခန့် မှာ အမြင့် ၂ ပေခန့် ရှိ ရေနစ်မြုပ်နေ ကြောင်းသိရပါတယ်။ ရေနစ်မြုပ်နေမှုကြောင့် ဖြစ်ပေါ်လာနိုင်သော ရပ်ကွက် အိမ်များတွင် ကလေးငယ်များ သွေးလွန် တုပ်ကွေး ရောဂါ မဖြစ်ပွားနိုင်ရန် သက်ဆိုင်ရာမှ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ပေးစေလိုကြောင်း ဒေသခံ ရပ်ကွက်သူ ရပ်ကွက်သားများက ပြောပါတယ်။

ဟင်္သာ(တောင်တွင်းကြီး)