Wednesday 29 August 2012

နေထိုင်မှု

ဘာလို့ များ
မိုးခေါင်ရေရှားရပ်ဝန်းမှာမှ
ယုံကြည်ချက်ကို စိုက်ပျိုးမိပါလိမ့်။
ကဲ့ရဲ့သဂြိုလ် တံတွေးခွက်ထဲ ကြာပွင့်ပြချင်သူ
ကောင်ကင်ဟာ ဘာအရောင်ပါလိမ့်လို့ 
တစ်လမ်းလုံးခေါင်းငုံ့ လျှောက်ရင်တွေးလာ
တစ်နေ့ မိုးကုတ်စက်ဝိုင်းကို ခလုတ်တိုက်မိမယ် ယုံကြည်။

သရဏဂုံညစ်နွမ်းကြောင်း သုံးမျိုး နင့် သရဏဂုံပျက်စီးခြင်းနှစ်မျိုး

သရဏဂုံညစ်နွမ်းကြောင်း သုံးမျိုး
သရဏဂုံ ညစ်နွမ်းကြောင်း သုံးမျိုးရှိ၏ ။ မူလပဏ္ဏာသအဌကထာ၌ အဉာဏသံသယမိစ္ဆဉာဏ ဒီဟိသံကိလိဿတိ ဟူပြီး ဖွင့်ပြသည်။ အဉာဏ - ရတနာသုံးပါးအပေါ် သေချာကျနစွာမသိခြင်း၊ သံသယ - ရတနာသုံးပါးအပေါ်မှာ ယုံမှားလာခြင်း၊ မိစ္ဆာဉာဏ - ရတနာသုံးပါးအပေါ်၌ မှားယွင်းသော အယူအဆဖြစ်ခြင်း တို့ပင်။
၎င်းသုံးမျိုးတွင် အဉာဏ၊ သံသယ နှစ်ပါးကို ရတနာသုံးပါးအကြောင်းသိအောင် အားထုတ်ရင်း ပယ်ဖျောက်ရသည်။ မိစ္ဆာဉာဏကို ရတနာသုံးပါးအပေါ် သဒ္ဓါတရား ယုံကြည်ဉာဏ်ကို ခိုင်ခိုင်မာမာထားပြီး ပယ်ဖျောက်ရသည်။ ထိုကဲ့သို့ မပယ်ဖျောက်နိုင်လျှင် အပြစ်ရှိသော သရဏဂုံပျက်စီးခြင်းသို့ ရောက်ရတော့သည်။ အရိယာတို့၏သရဏဂုံကို လောကုတ္တရာသရဏဂုံဟုခေါ်သည်။ မြေထဲအတောင်များများဝင်အောင် ရိုက်သွင်းထားသော သံတိုင်ကျောက်တိုင်သည် အရပ်လေးမျက်နှာမှ တိုက်ခတ်လာသောလေကြောင့် ဘယ်တော့မှမတုန်လှုပ်သကဲ့သို့ အရိယာတို့၏ ရတနာသုံးပါးအပေါ် ယုံကြည်မှုသဒ္ဓါသည်လည်း ဘယ်ဘဝရောက်ရောက် မပျက်စီးတော့ပေ။

Tuesday 28 August 2012

မလေးရှားတွင် မြန်မာလူမျိုးများ လူ့ အခွင့်အရေး ချိုးဖေါက်ခံနေရ





""မလေးရှားတွင် မြန်မာလူမျိုးများ လူအခွင့်အရေး ချိုးဖေါက်ခံနေရ""

မလေးရှားနှိင်ငံ ဆလန်ဂေါ မြိုံတော် ပူချုန်း
(မာဂျူးဂျာရာနယ်မြေ)တွင် ၂၀ ရက်နေ့ ည
ပိုင်းတွင် မြန်မာလူမျိုးများသည်ဆာဖား
...
(မလေးရှားနှိင်ငံသား..ဆာဖားလူမျိုး)များ၏
အနှိင်ကျင့် နှိပ်စက်ခြင်းခံခဲ့ရသည်.၄င်းတို့သည်


တစ်ယောက်မကအရက်မူးရိုက်နှက်မှူ့မျာပြုလုပ်လာသောအခါမြန်မာလူမျိုးတို့သည် သည်းညည်းမခံနှိင်တော့ဘဲပြန်လည် ရိုက်နှက်မှူ့များပြုလုပ်လာကြသည်။ရိုက်နှက်မှူ့များ ပြီစီးသွားသော်ဆာဖား လူမျိုး ၂ ဦးအား ဆေးရုံတင်လိုက်ရသည်။

နောက်တစ်နေ့ ညတွင် ၉ နာရီ အချိန်ခန့်မှစ၍ ဆာဖား လူမျိုး အယောက် ၂၅ ယောက်ခန့် သည်
တုတ်၊ဓား၊သံပိုက်လုံးများကိုင်ဆောင်၍ မြန်မာလူမျိုးများ နေထိုင်ရာ အဆောက်အအုံများသို့ ခဲများဖြင့်ပစ်ပေါက်ခြင်း၊ပုလင်းကွဲများဖြင့် ပစ်ပေါက်ခြင်း များပြုလုပ်လာကြသည်။

Saturday 25 August 2012






>> ရှုံးနိမ့်တာ ရှက်စရာမဟုတ်ဘူး အရှုံးကနေ ပြန်မထ နိုင်တာက သာ ရှက်စရာဖြစ်တယ်

>> မျက်ရည်ကျတာ ရှက်စရာမဟုတ်ဘူး -- ကျတဲ့မျက်ရည်ဟာ ဘာမှ အသုံးမ၀င်တာက ရှက်စရာဖြစ်တယ်

>> မိဘကို “ ကိုယ် ” ချမ်းသာအောင် မထားနိုင်တာ ရှက်စရာမဟုတ်ဘူး --- မိဘကို “ စိတ် ” ချမ်းသာအောင်မထားနိုင်တာက ရှက်စရာဖြစ်တယ်


>> အမှားလုပ်မိတာ ရှက်စရာမဟုတ်ဘူး -- အမှန်ကို ပြန်မပြင်နိုင်တာကသာ ရှက်စရာဖြစ်တယ်

>> ဆင်းရဲတာရှက်စရာမဟုတ်ဘူး -- စိတ်ဓါတ်နိမ့်ကျ အောက်တန်းကျ တာကသာ ရှက်စရာဖြစ်တယ်

>> ကိုယ်နေတဲ့အိမ်ထရံတွေ မလုံခြုံတာ ရှက်စရာမဟုတ်ဘူး -- ကိုယ့်စိတ်တွေ မလုံခြုံတာကသာ ရှက်စရာဖြစ်တယ်

>> မအောင်မြင်တာ ရှက်စရာမဟုတ်ဘူး -- ရှုံးနိမ့်မှုကနေ ရုန်းမထွက်နိုင်တာကသာ ရှက်စရာဖြစ်တယ်

>> မုဒိတာ မပွားနိုင်တာရှက်စရာမဟုတ်ဘူး -- မနာလိုဝန်တိုစိတ်နဲ့ ကိုယ့်စိတ်ကိုယ်ကို ပူလောင်စေတာကသာ ရှက်စရာဖြစ်တယ်

>> ငွေအများကြီးမလှူနိုင်တာ ရှက်စရာမဟုတ်ဘူး -- အလှူအတန်းလုပ်ချင်တဲ့စိတ်မရှိခြင်းကသာ ရှက်စရာဖြစ်တယ်

>> သူပြန်ချစ်တာကို မခံရတာ ရှက်စရာမဟုတ်ဘူး -- ကိုယ်ချစ်တဲ့သူအပေါ် “ အကျိုးလိုလား တဲ့စိတ် ” မထားနိုင်တာကသာ ရှက်စရာဖြစ်တယ်

Friday 24 August 2012

သားကောင်းမြေး တို့ အတွက် ကြိုးစားစို့ 

• ငါ သာလျှင် တော် ၊ သူ မတော် ဟု
လူတော် ထင်ပါ ၊ တို့မြန်မာ ကို
ဘယ်ခါ ဆယ်၍ ရ မလဲ ၊၊
• ကြွားရင်း နှင့် နစ် ၊ ဝါး ရင်း နစ်သည့်
နစ်လျက် နေပါ ၊ တို့မြန်မာ ကို
ဘယ်ခါ ဆယ်၍ ရ မလဲ ၊၊
• အကောင်း ဆိုးထင် ၊ ဆိုး ကောင်းထင် နှင့်
အထင်လွဲပါ ၊ တို့မြန်မာ ကို
ဘယ်ခါ ဆယ်၍ ရ မလဲ ၊၊
• သူ့ကို ငါ ညှိုး ၊ ငါ့ သူ ညှိုး နှင့်
အညှိုးကြီး ပါ ၊ တို့မြန်မာ ကို
ဘယ်ခါ ဆယ်၍ ရ မလဲ ၊၊
• ညည်း၍ မပြီး ၊ ညူ မပြီးဘူး
အပြီးတကာ ၊ လုပ်နိုင်ပါ မှ
တော်ရာ ရောက်လိမ့် နောင်အဖို့ ၊၊
နိုးကြ ထကြ မြန်မာတို့ ၊၊
သားမြေးတို့တွက် ကြိုးစားစို့ ၊၊ ၊၊
( မင်းသုဝဏ် )

ကိုယ့်ဘဝ နဲ့ ကို

ငါ့ကိုယ်ငါခမ်းနားပါတယ်လို့ 
ဘယ်နှခါဥဒါန်းကြူးဘူးလို့ လဲ
ရိသဲ့သဲ့သဘာဝတရားရဲ့အောက်မှာ
အချိုး တကျနေထိုင်ယုံလေးပါ။

ဒီမှာမိတ်ဆွေ.....
ခင်ဗျာရဲ့ စိတ်အန်ဖတ်တွေ
ကျုပ်အမှိုက်ပုံးထဲ လာမထည့်ပါနဲ့ ။

ရပ်တန့် နေတဲ့နှလုံးသားတစုံအတွက်
...
ကဗျာရွက်ပြရအုန်းမယ်။

ဆွမ်းတော်ပွဲထဲကငါးတကောင်ကတော့
သူ့ ကိုယ်သူစိတ်ကြီးဝင်နေလေရဲ့။

ငါက ကြောင်ပါးမ၀ချင်ပါဘူး

ဒါပေမဲ့......
ကြောင်မိုက်လဲအဖြစ်မခံနိုင်ဘူး

တက္ကသိုလ် ကောင်းထက်

ဗုဒ္ဓ၏ အယူဝါဒ


ဗုဒ္ဓ၏ အယူဝါဒ (၁)
ချစ်စွာသော ညီငယ် ညီမငယ်များသို့
ဒီဘလော့ဂ်ပေါ်မှာ ၀င်ရောက်ဖတ်ရှုနေသူအများစုဟာ စာရေးသူထက် အသက်အရွယ် ငယ်ရွယ်သူတွေက များလိမ့်မယ်လို့ ယူဆတာကြောင့် ဒီအသုံးအနှုံးလေးကို ခေါ်ဝေါ်လိုက်ပါတယ်။
နောက်တစ်ခါ ဒီကနေ့တင်ပြမယ့် ဆောင်းပါးလေးဟာ “ဗုဒ္ဓဘာသာဝင်” ရယ်လို့ ကိုယ့်ကိုယ်ကို နာမည်ခံထားကြပေမယ့် ကိုယ့်ရဲ့ ဘာသာ အယူဝါဒအကြောင်းကို တိတိကျကျ ရှင်းရှင်းလင်းလင်း မသိကြသေးတဲ့ ညီငယ်ညီမငယ်များကို ရည်ရွယ်သမှု ပြုခြင်းကြောင့်လည်း ဒီအသုံးအနှုံးလေးကို သုံးခြင်းဖြစ်ပါတယ်။
ညီငယ်ညီမငယ်များတို့ ။ အားလုံးသိကြတဲ့အတိုင်း ကမ္ဘာပေါ်မှာ “ဟိန္ဒူ၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဗုဒ္ဓ” ရယ်လို့ အယူဝါဒကြီး (၄)ခု ရှိပါတယ်။ အခြားသော လူနည်းစုတွေကိုးကွယ်ကြတဲ့ “ဂျိန်းဘာသာ၊ ဆစ်ခ်ဘာသာ၊ ဂျူးဘာသာ” တို့လိုပါ ရေတွက်မယ်ဆိုရင် တော့ ဘာသာအယူဝါဒက (၄)မျိုး မကဘူးပေါ့။ ဒါပေမယ့် အဓိက လူဦးရေအများဆုံး ကိုးကွယ်ကြတာကတော့ ဒီဘာသာကြီး (၄)ခုပါဘဲ။
စာရေးသူ လေ့လာမိသလောက်ပြောရရင် မိမိကိုးကွယ်ရာ ဘာသာအကြောင်းကို တဖက်သားကို နားလည်သဘောပေါက် အောင် ရှင်းပြနိုင်တဲ့ နေရာမှာတော့ ဗုဒ္ဓဘာသာဝင်တွေဟာ အားနည်းကြတယ် လို့ တွေ့မိတယ်။ လူငယ်ဘ၀လောက်မှာကို ခရစ်ယာန်ဘာသာ ကိုးကွယ်သူတွေ၊ အစ္စလာမ်ဘာသာ ကိုးကွယ်သူတွေဟာ သူတို့ဘာသာအကြောင်းကို ရေရေလည်လည် ပြောတတ်ကြတာကို တွေ့ရပေမယ့် စာရေးသူတို့ ဗုဒ္ဓဘာသာလူငယ်များကြတော့ ကိုယ့်ဘာသာအကြောင်းကို တစ်ဖက်သား နားလည်အောင် ရှင်းမပြနိုင်တာကို တွေ့ရပါတယ်။

Wednesday 22 August 2012

ကျေးဇူးတင်လွှာ

ဒီဘလောက်လေးတင်နိုင်အောင် အစစ အရာရာ သင်ကြားပြပေးသော ဆရာညီအကိုဖြစ်သော ကိုညီသူအား ကျေးဇူးအထူးတင်ရှိပါကြောင်း..ကျနော်အတွက် computer နှင့်ပတ်သက်သမျှ နည်းပညာများဖြန့် ဝေပေးပြီး ကျနော်လိုချင်တာတွေ အညီးမညူ အားသွန်ခွန်စိုက် အမြဲဆောင်ရွက်ပေးမှုတွေ အတွက် အထူးပင် လေးစားဂုဏ်ပြု ကျေးဇူးတင်ရှိပါကြောင်း........... အခုလောလောဆယ် ကျနော် စက်ကလေးလောင်းကျွမ်းသွားပါ၍ ဆိုင်သို့  ကုသမှုခံယူနေပါသဖြင့် အသစ်များဘာမှမတင်ဖြစ်သေးပါခင်ဗျာ...

Monday 20 August 2012

ကျနော်မှတ်စုလေးတွေ.....

*ခွင့်လွှတ်တယ်ဆိုတာ အနိုင်ယူလိုက်တာလည်းမဟုတ်ပါဘူး အရှုံးပေးလိုက်တာလဲမဟုတ်ပါဘူး အထက်စီးကနေတာလည်း မဟုတ်ပါဘူးအောက်ကျို့ တာလည်းမဟုတ်ပါဘူး.. ခွင့်လွှတ်လိုက်တာဟာ ကိုယ့်ကိုကိုယ် လွတ်လပ်မှု ပေးလိုက်တာပါ၊ကိုယ့်စိတ်ကို ငြိမ်းချမ်းခွင့်ပေးလိုက်တာပဲ။ (ဆရာတော် ဦးဇောတိက)

*အထင်ကြီးတယ်ဆိုတာ ဟုတ်တာထက် ပိုပြီးထင်နေတာ ၊ အထင်သေးတယ်ဆိုတာ ဟုတ်တာအောက် လျော့ပြီးထင်နေတာ။ နှစ်မျိုးစလုံး
ဟာ အမှန်တွေမဟုတ်ပါဘူး ။ တစ်နေ့ တစ်နေ့  ကိုယ့်ကိုယ်ကို လေးစားမှုတွေ တိုးပွားနေ အောင် နေသွားနိုင်မှသာ၊ ကိုယ့်ဘဝကို အားရကျေနပ်မယ် သူများအထင်ကြီးတာ သူများအထင်သေးတာ သိပ်အရေးမကြီးပါဘူး သူတို့ စိတ်ထဲမှာ ခဏပေါ်လာတဲ့ အတွေးတစ်ခုပါ။ (ဆရာတော်ဦးဇောတိက)

*ချစ်တဲ့သူတွေဆီကရတဲ့ စိတ်ဒဏ်ရာ

ကိုယ်နဲ့ ရင်းနှီးတဲ့ သူ ခင်မင်တဲ့သူကပဲ ကိုယ်ကိုအများဆုံး ဒုက္ခပေးနိုင်တယ်၊ ကိုယ့်ကိုတစ်ခါမျှ မမြင်ဖူးသောသူ မတွေ့ ဘူးသောသူတွေက ကိုယ်ကိုစိတ်ဆင်ရဲအောင် လုပ်ပါတယ် ဆိုတာ မျိုးဟာ ဘယ်နှစ်ခါကြုံဘူးလည်း ? အင်မတန်ရှားပါတယ် အဲဒီတော့ အဲဒီလူတွေ အားလုံးကို နားလည်ပြီးတော့ ခွင့်လွှတ်တတ်ဖို့ လိုပါတယ်။ (ဦးဇောတိက)

Sunday 19 August 2012

သင်သေသွားသော်(ဆရာဇော်ဂျီ)

 သင် သေသွားသော်...
သြော်....လူ့ပြည်လေ
လူ့ဘ၀ကား
အိုရနာရသေရဦးမည်
မှန်ပေသည်တည်း။
သို့တပြီးကား.....
သင်သေသွားသော်
သင်ဖွားသောမြေ၊
သင်တို့မြေသည်၊
အခြေတိုးမြင့်၊
ကျန်ကောင်းသင့်၏။
သင်၏မျိုးသား၊
စာစကားလည်း၊
ကြီးပွားတိုးမြင့်
ကျန်ကောင်းသင့်၏။
သင်ဦးချ၍ အမျှဝေရာ
စေတီသာနှင့်၊
သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း
ပြောင်းလျက်ဝင်းလျက်
ကျန်စေသတည်း။

ဖူးစာရှင် အိမ်ထောင် ဘယ်လိုရွေးမလဲ မသိသေးသောသူတွေ အတွက်ပါ...

 1. က
2. ခ
3. ဂ
4. ဃ
5. င
6. စ
7. ဆ
8. ဇ
9. စ်
10.ည
11.ဋ
12.ဌ
13.ဍ
14.ဎ
15.ဏ
16.တ
17.ထ
18.ဒ
19.ဓ
20.န
21.ပ
22.ဖ
23.ဗ
24.ဘ
25.မ
26.ယ
27.ရ
28.လ
29.၀
30.သ
31.ဟ
32.ဠ
33.အ/ဥ
ကကြီး ကနေ အ/ဥ အထိ နံပါတ်အလိုက်ရေးထားပေးပါတယ်။
အဆင့် 1 - မိမိနာမည်ကိုပေါင်းပါ။(နာမည္အေ
ရှ့က မ၊မောင်၊နန်း၊ခွန်၊စိုင်း၊ စတာတွေထည့်တွက်စရာမလိုပါ။)
(ဥပမာ - မဖြူဖြူသော် ဆိုပါက မ ကိုထည့်တွက်စရာမလိုဘဲ ဖ + ဖ + သ = ရလဒ် ကိုသာ
ယူရမှာဖြစ်ပါတယ်။)
အဆင့် 2 - မိမိချစ်သူ နာမည်ကိုပေါင်းပါ။
အဆင့် 3 - မိမိနာမည်ပေါင်းရလဒ်နှင့် မိမိချစ်သူနာမည်ပေါင်းရလဒ် နှစ်ခုကိုပေါင်းပါ။
အဆင့် 4 - နှစ်ခုပေါင်းရလဒ်ကို (၉) ဖြင့် စားပါ။ နောက်ဆုံးအကြွင်းကိုကြည့်ပါ။
အကြွင်း 1 ကြွင်းလျှင် ။ အသက်မကချစ်ကြမည်။
။ 2 ။ ။ ရင်နာစရာကြုံရမည်။
။ 3 ။ ။ ဘ၀ဖူးစာဖက်များဖြစ်သည်။
။ 4 ။ ။ နှစ်ဦးနှစ်ဖက် ပြေလည်မည်။
။ 5 ။ ။ အစကချစ်လည်း .. နောင်မုန်းမည်။
။ 6 ။ ။ တစ်ဦးက တစ်ဖတ်သက်သာချစ်ရရှာသည်။
။ 7 ။ ။ ချစ်သော်လည်း မညားကြချေ။
။ 8 ။ ။ မိဘများက သဘောမတူကြချေ။
။ 0 ။ ။ ဘယ်လိုမှ အပ်စပ်လို့မရနိုင်ပါဘူး တဲ့ ။

Sunday 5 August 2012

သိမှတ်ဖွယ်ရာအဖြာဖြာမှတ်စုလေး

လူတွေကို ကိုယ်သိထားတာထက် ပိုသိစေချင်တယ်....သူတို့ အဲသလို သိသွားရင် ကိုယ်ပေးလိုက်ရသည့်အရာဟာ ပိုပြီးတန်ဖိုးရှိသွားတယ်...ကိုယ့်ထက်တော်တယ်..သိမယ်ဆိုရင်..လေးစားချင်တယ်..အဲဒီလူကိုတန်ဖိုးထားတယ်..
ဒါကြောင့်လည်း..ဒီ bloge ကလေးကို (သိမှတ်ဖွယ်ရာအဖြာဖြာ) ဆိုသည့်အတိုင်း ဒီနေ့ (05.aug.2012) တနလာင်္နေ့ မှာ စတင် လုပ်ဖြစ်ခဲ့ တယ်.....